• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အိန္ဒိ​ယက အမေရိကန်၏ အချို့ကုန် ပစ္စည်းများကို အခွန်တိုးကောက်မည်ဟု အိန္ဒိ​ယမီဒီယာဆို

(GMT+08:00) 2018-06-22 14:43:28
အိန္ဒိယနိုင်ငံမှ သြဂုတ်လ ၄ ရက်နေ့ကစပြီး အမေရိကန်၏အချို့ လယ်ယာထွက်ပစ္စည်းများနှင့် သံနှင့်သံမဏိ ပစ္စည်းများကို သွင်းကုန်အခွန် တိုးကောက်မည်ဟုကြေညာခြင်းသည် အမေရိကန်၏ အိန္ဒိယမှ သံမဏိပစ္စည်းများအား အခွန်တိုးကောက်ရန်ကြေညာခြင်းကိုတုန့်ပြန်ခြင်း ဖြစ်ကြောင်း အိန္ဒိယမီဒီယာ၏ ယခုလ ၂၁ ရက်နေ့ကထုတ်ပြန်သော အစိုးရသတင်းကိုးကား၍ ဆင်ဟွာသတင်းဌာနက ဖေါ်ပြပါသည်။

အိန္ဒိယနိုင်ငံမှ လွန်ခဲ့သည့်အပတ်က ကမ္ဘာကုန်သွယ်ရေးအဖွဲ့ထံသို့တင်ပြသော အဆိုပြုလွှာ၌ အခွန်တိုးကောက်သော အမေရိကန်၏ ကုန်ပစ္စည်းစာရင်းများတွင် ပဲကြီး၊ ပန်းသီး၊ နှင့်သံထည်ပစ္စည်းများ အမျိုးအစား ၃၀ပါဝင်သည်ဟု ဖော်ပြကြောင်းသတင်းအရ သိရပါသည်။

   Webradio