• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိသည် ဒိန်း​မတ်​နိုင်ငံခြားရေးဝန်ကြီး ဆာမ်အလ်စိန်နှင့်တွေ့ဆုံ

(GMT+08:00) 2018-06-22 12:40:15

တရုတ်နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ယခုလ ၂၁ ရက်နေ့က ပီကင်းတွင် ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီး ဆာမ်အလ်စိန်နှင့်တွေ့ဆုံခဲ့ကြောင်းဆင်ဟွာ သတင်းအရ သိရပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဝမ်ယိက တရုတ်နိုင်ငံသည် ဒိန်းမတ်နှင့်လက်တွဲပြီး နိုင်ငံရေး၊ စီးပွါးကုန်သွယ်ရေး၊လူမှုယဉ်ကျေးမှု၊ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊မြောက်ဝင်ရိုးစွန်း နှင့်အတိလိုက်စားမှုတိုက်ဖျက်ရေးစသည့်နယ်ပယ်များတွင်ပူးပေါင်းဆောင်ရွက်ရေး နက်ရှိုင်းစေရန် ဆောင်ရွက်လိုကြောင်း၊ Belt and Road အတူတည်ဆောက်ရေးပူးပေါင်းဆောင်ရွက်ရန် တွန်းအားပေးလိုကြောင်း ပြောကြားခဲ့သည်။

ဆာမ်အလ်စိန်က တရုတ်နိုင်ငံနှင့်တက်ကြွသောဆက်ဆံရေးတိုးတက်ခြင်းကိုဒိန်းမတ်နိုင်ငံခြားရေးတွင် ဦးစားအပေးဆုံးသောဦးတည်ချက်များတွင်တစ်ခုအပါအဝင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

   Webradio