• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Belt and Road ရုပ်ရှင်ပွဲတော် မဟာမိတ်အဖွဲ့ ထူထောင်ခြင်းသည် ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် အခွင့်ကောင်းဖန်တီးပေးဟု အရှေ့တောင်အာရနိုင်ငံများမှ ရုပ်ရှင်လောကသားများဆို

(GMT+08:00) 2018-06-22 10:27:24

        ၂၁ ကြိမ်မြောက် ရှန်ဟိုင်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ကျင်းပစဉ် အတောအတွင်းတွင် အာရှေ့တောင်အာရှနိုင်ငံများမှ ရုပ်ရှင်လောကသားများက Belt and Road ရုပ်ရှင်ပွဲတော် မဟာမိတ်အဖွဲ့ ထူထောင်ခြင်းကို အခွင့်ကောင်းအဖြစ်ယူပြီး တရုတ် ရုပ်မြင်သံကြား၊ ရုပ်ရှင်လောကနှင့် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ပြီး တစ်ကမ္ဘာလုံးအား မိမိတို့နိုင်ငံ၏ ရုပ်ရှင်ကားများကို မိတ်ဆက်ပေးမည်ဖြစ်ကြောင်း စီအာအိုင် သတင်းထောက်အား ပြောကြားကြသည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

        Belt and Road ရုပ်ရှင်ပွဲတော် မဟာမိတ်အဖွဲ့ စာချုပ်ချုပ်ဆိုခဲ့သော ဖိလစ်ပိုင် ကွီဇုန်မြို့ နိုင်ငံတကာရုပ်ရှင်ပွဲတော် ဥက္ကဋ္ဌ Ed Lejanoက ရုပ်ရှင်ပွဲတော် မဟာမိတ်အဖွဲ့ ထူထောင်ခြင်းသည် အရေးကြီးသော အနက်အဓိပ္ပါယ် ပါရှိကြောင်း၊ ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးဖြင့် တရုတ်ပြည်သည် ဖိလစ်ပိုင်အပါအဝင် နိုင်ငံအသီးသီးတို့နှင့် ပိုမို ရင်းနှီးစွာ ဆက်ဆံလာကြောင်း ပြောကြားသည်။

        အင်ဒိုနီးရှား ရုပ်ရှင်ရေးရာဌာန ဒုဥက္ကဋ္ဌ Dewi Umaya က Belt and Road ရုပ်ရှင်ပွဲတော် မဟာမိတ်အဖွဲ့၏ တွန်းအားပေးမှုဖြင့် အင်ဒိုနီးရှားနိုင်ငံသည် အင်ဒိုနီးရှား၏ ရုပ်ရှင်းကားများနှင့် ယဉ်ကျေးမှုကို တစ်ကမ္ဘာလုံးအား ပိုမိုကောင်းမွန်စွာ မိတ်ဆက်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

        မလေးရှား နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ဥက္ကဋ္ဌ Joanne Goh Poi Lengက  Belt and Road မူဘောင်အောက်တွင် ရှန်ဟိုင်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော်နှင့် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုသည် ပိုမိုများပြားသော မလေးရှားရုပ်ရှင်ကားများ တရုတ်ပြည်သို့ ဝင်ရောက်ခြင်းအတွက် အခွင့်ကောင်း ဖန်တီးပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

   Webradio