• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

သတ္တမအကြိမ်မြောက် တရုတ်-ဥရောပသမဂ္ဂ စီးပွားကုန်သွယ်ရေးဆိုင်ရာ အဆင့်မြင့် ဆွေးနွေးပွဲကို ပီကင်း၌ ကျင်းပမည်

(GMT+08:00) 2018-06-22 10:26:06

        တရုတ်-ဥရောပသမဂ နှစ်ဖက်၏ သဘောတူညီမှုဖြင့် သတ္တမအကြိမ်မြောက် တရုတ် ဥရောပသမဂ စီးပွားကုန်သွယ်ရေးဆိုင်ရာ အဆင့်မြင့် ဆွေးနွေးပွဲကို ယခုလ ၂၅ ရက်နေ့တွင် ပီကင်း၌ ကျင်းပမည်ဖြစ်ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုဝန်ကြီးချုပ် လျူဟိုနှင့် ဥရောပသမဂကော်မရှင် ဒုဥက္ကဋ္ဌ Jyrki Katainen တို့သည် ယင်းဆွေးနွေးပွဲကို ဦးစီးကျင်းပပြီး "ဂလိုဘိုလိုင်ဇေးရှင်းကို ထောက်ခံရေးနှင့် တွန်းအားပေးရေး၊ တရုတ်-ဥရောပသမဂပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရေးနှင့် တိုးချဲ့ရေး" ခေါင်းစဉ်ဖြင့် နက်ရှိုင်းစွာ ဆွေးနွေးကြမည်ဖြစ်ကြောင်း တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာနမှ သတင်းကိုကိုးကား၍ ဆင်ဟွာသတင်းဌာနက ရေးသားသည်။

   Webradio