• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပြည်တွင်းပြည်ပ ကျွမ်းကျင်ပညာရှင်များ ရုပ်ရှင် ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေး

(GMT+08:00) 2018-06-21 09:29:38

၂၁ ကြိမ်မြောက် ရှန်ဟိုင်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော် Belt and Road အဆင့်မြင့် စားပွဲဝိုင်း အစည်းအဝေးကို ယခုလ ၂၀ ရက်နေ့ ညနေပိုင်းက ကျင်းပခဲ့ရာ၊ တရုတ်၊ အီတလီ၊ ဖိလစ်ပိုင် စသည့်နိုင်ငံမှ ရုပ်ရှင်လုပ်ငန်း ကျွမ်းကျင်ပညာရှင်များသည် Belt and Road အဆိုပြုချက် မူဘောင်အတွင်း ရုပ်ရှင်လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု အကြောင်းကို ဆွေးနွေးခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ရှန်ဟိုင်း ယဉ်ကျေးမှု၊ အသံလွှင့်၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ယူရှုဖင်က၊ ရုပ်ရှင်ကားသည် လူသား၏ တူညီသော ဘာသာစကားလို Belt and Road တလျှောက်မှ နိုင်ငံများ၏ ယဉ်ကျေးမှုနှင့် လူမှုရေး ကူးလူးဆက်ဆံရာ၌ အရေးကြီး အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio