• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကုန်ပစ္စည်း တန်ဖိုးတိုး အခွန် လျှော့ချရေးကို တွန်းအားပေး

(GMT+08:00) 2018-06-21 09:24:32

တရုတ်နိုင်ငံသည် ယခုနှစ် မေလ ၁ ရက်နေ့ကစပြီး ကုန်ပစ္စည်း တန်ဖိုးတိုး အခွန် VAT ပြုပြင်ပြောင်းလဲရေး လုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီးနောက် လုပ်ငန်းကုမ္ပဏီများစွာတို့ အကျိုးစီးပွါး ခံစားရကြောင်း၊ ကျွမ်းကျင်ပညာရှင်များက ကုန်ပစ္စည်း အခွန် လျှော့ချခြင်းသည် စီးပွါးရေး ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးနှင့် ကုန်ထုတ်လုပ်မှု အဆင့် မြှင့်တင်ရေး၊ ဈေးကွက်ရှင်သန်အားနှင့် ဆန်းသစ်တီထွင်မှု တိုးမြှင့်ရေးတို့အတွက် အကျိုး သက်ရောက်မှု ထင်ရှားသည်ဟု ပြောကြားကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ယခုနှစ်များတွင် တရုတ်နိုင်ငံသည် ကုန်ပစ္စည်း အခွန် လျှော့ချရေး လုပ်ငန်းကို အားဖြည့် ဆောင်ရွက်ကာ လွန်ခဲ့သည့် ၅ နှစ်အတွင်း ကုန်ပစ္စည်း အခွန် စုစုပေါင်း ယွမ် ဘီလီယံ ၂၁၀၀ ခန့် လျှော့ချပြီး လုပ်ငန်းကုမ္ပဏီများ၏ ဝန်ထုပ်ဝန်ပိုး စုစုပေါင်း ယွမ် ဘီလီယံ ၃၀၀၀ ကျော် လျော့နည်းလာကြောင်း သတင်းရရှိပါသည်။

   Webradio