• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

"ကုန်သွယ်ရေး အကြမ်းဖက်မှု"သည် အမေရိကန်အား ကယ်တင်နိုင်မည် မဟုတ်

(GMT+08:00) 2018-06-20 09:49:49

ထရန့်အစိုးရသည် ယခုလ ၁၈ ရက်နေ့ညက နောက်ထပ် ကြေညာချက် တစ်ရပ် ထုတ်ပြန်ပြီး၊ ယင်းမတိုင်မီက ထုတ်ပြန်သော အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ တန်ဖိုးရှိ အခွန် ကောက်ယူရန် တရုတ်ပြည်မှ ကုန်ပစ္စည်း စာရင်းဇယား အခြေခံပေါ်တွင် နောက်ထပ် ဘီလီယံ ၂၀၀ တန်ဖိုးရှိ တရုတ်မှ ကုန်ပစ္စည်း အပေါ် အခွန် ၁၀ ရာခိုင်နှုန်း တိုးကောက်မည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ပါသည်။

ယင်းနှင့် ပတ်သက်ပြီး တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာနက၊ အမေရိကန်၏ ယင်းကဲ့သို့သော လွန်ကဲစွာ ဖိအားပေးခြင်းနှင့် ခြိမ်းခြောက်အကျပ်ကိုင်သည့် လုပ်ရပ်သည် နှစ်ဖက်အကြား အကြိမ်ပေါင်းများစွာ တိုင်ပင်ဆွေးနွေးပြီး ရရှိသော သဘောတူညီမှုကို ကျောခိုင်းနေကြောင်း၊ အကယ်၍ အမေရိကန်သည် ဆင်ခြင်ဉာဏ် ကင်းမဲ့စွာဖြင့် စာရင်းဇယားကို ထုတ်ပြန်ပါက၊ တရုတ်နိုင်ငံသည် ပမာဏအရရော အရည်အသွေး အရပါ ဘက်စုံဆောင်ရွက်မှုများကို တုံ့ပြန် ပြုလုပ်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ကျွမ်းကျင်ပညာရှင်များက၊ လက်ရှိအချိန်အထိ အမေရိကန်က အခွန် တိုးကောက်မည်ဟု ခြိမ်းခြောက် ပြောဆိုသည့် တရုတ် ကုန်ပစ္စည်း တန်ဖိုးမှာ ဒေါ်လာ ဘီလီယံ ၄၅၀ ရှိနေပြီ ဖြစ်ကြောင်း၊ တရုတ် အကောက်ခွန် ဌာနချုပ်မှ စာရင်းအရ၊ ၂၀၁၇ ခုနှစ်တွင် တရုတ်ပြည်မှ အမေရိကန်သို့ ပို့ကုန် ပမာဏမှာ ဒေါ်လာ ၄၂၉့ ၈ ဘီလီယံ ရှိခဲ့ကြောင်း၊ ထို့ကြောင့် အကယ်၍ အမေရိကန်ပြည်ဘက်၏ စာရင်းဇယားကို ဖေါ်ဆောင် ပါက အမေရိကန် ဈေးကွက်များသည် တရုတ်ပြည် ကုန်ပစ္စည်းအားလုံး အတွက် တံခါး ပိတ်ရမည် ဖြစ်ကြောင်း၊ ယင်းမှာ ဆင်ခြင်မှု လုံးဝ ကင်းမဲ့သော လုပ်ရပ်ပင် ဖြစ်ကြောင်း သုံးသပ်ထားပါသည်။

"ကုန်သွယ်ရေး အကြမ်းဖက်မှု"သည် အမေရိကန်အား ကယ်တင်နိုင်မည် မဟုတ်ကြောင်း၊ အမေရိကန် ကြံစည်သော ယခုအကြိမ် ကုန်သွယ်ရေး စစ်ပွဲတွင် အကယ်၍ တရုတ်ပြည်က အလျှော့ပေးပါက၊ ဆက်လက်ပြီး အမေရိကန်၏ အခြားသော ကုန်သွယ်ရေးမိတ်ဖက်များ အားလုံး ဘေးကြုံရမည်သာ ဖြစ်ကြောင်း၊ နိုင်ငံတကာ မိသားစုကြီး အနေနှင့် ကုန်သွယ်ရေး နယ်ပယ်မှ "အကြမ်းဖက်မှု"ကို တိုက်ဖျက်ရန် လက်တွဲ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်များက ဖေါ်ပြကြပါသည်။

   Webradio