• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၈ ကမ္ဘာ့ လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေး အစည်းအဝေး ကျင်းပ

(GMT+08:00) 2018-06-20 09:27:44

၂၀၁၈ ခုနှစ် ကမ္ဘာ့ လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေး အစည်းအဝေးကို ယခုလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ပီကင်း၌ ကျင်းပနေကြောင်း၊ ပြည်တွင်း ပြည်ပမှ ကျွမ်းကျင်ပညာရှင် ၄၅၀၀ ကျော်တို့သည် အစည်းအဝေးသို့ တက်ရောက်ပြီး လမ်းပန်းဆက်သွယ်ရေး နယ်ပယ်မှ နိုင်ငံတကာ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှု အကြောင်းကို တိုင်ပင်ဆွေးနွေးခဲ့ကြကြောင်း၊ ယခုအကြိမ် အစည်းအဝေး၏ ဆောင်ပုဒ်မှာ လမ်းပန်းဆက်သွယ်ရေးသည် ကမ္ဘာကြီး ပိုမို သာယာလှပလာစေခြင်း ဖြစ်ပြီး ရည်ရွယ်ချက်မှာ Belt and Road တလျှောက်မှ နိုင်ငံများ အခြေခံ အဆောက်အုံများ အပြန်အလှန် ဆက်သွယ်မှုကို ပိုမို နက်ရှိုင်းလာအောင် ဆောင်ရွက် နိုင်ရန် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

တရုတ် လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေး ဝန်ကြီး လီရှောင်ဖုန်က၊ တရုတ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြည်သူများနှင့် တရုတ်ပြည်၏ လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အောက်ကျိုးရလဒ်များကို အတူ မျှဝေ ခံစားလိုပါကြောင်း ပြောကြားပါသည်။

   Webradio