• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန် အနေနှင့် ဆင်ခြင်ဉာဏ်ရှိရှိဖြင့် သူတပါးကိုလည်း ထိခိုက် မိမိအတွက်လည်း အကျိုး မရှိသော ပြောဆို လုပ်ဆောင်ခြင်းကို ရပ်စဲရန် တိုက်တွန်းသည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို

(GMT+08:00) 2018-06-20 08:44:32

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ပွန်ပေအို၏ တရုတ်ပြည် စီးပွါးကုန်သွယ်ရေး မူဝါဒ အပေါ် ပြစ်တင်ပြောဆိုခြင်းနှင့် ပတ်သက်ပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က၊ အမေရိကန် အနေနှင့် ဆင်ခြင်ဉာဏ် ရှိရှိဖြင့် သူတပါးကိုလည်း ထိခိုက် မိမိ အတွက်လည်း အကျိုး မရှိသော ပြောဆို လုပ်ဆောင်ခြင်းကို ရပ်စဲရန် တရုတ်ပြည်ဘက်က တိုက်တွန်းကြောင်း ယခုလ ၁၉ ရက်နေ့က ပြောကြားသည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

ကင်စွမ်က၊ တရုတ်ပြည်ဘက်သည် ကုန်သွယ်ရေး စစ်ပွဲ မပြုလုပ်လိုကြောင်း၊ သို့သော် ကုန်သွယ်ရေး စစ်ပွဲ ပြုလုပ်ရန်ကို ကြောက်မည်လည်း မဟုတ်ကြောင်း၊ မိမိတို့သည် ထိရောက်သော ဆောင်ရွက်မှုများ ပြုလုပ်ပြီး နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွါးကို ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ်မည် ဖြစ်ကြောင်း၊ စီးပွါးရေး ဂလိုဘယ်လိုက်ဇေးရှင်းနှင့် နိုင်ငံစုံ ကုန်သွယ်ရေးစနစ်ကို ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ်မည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio