• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Belt and Road ရုပ်ရှင် သီတင်းပတ်သည် ပြည်တွင်းပြည်ပ ယဉ်ကျေးမှု ကူးလူးဖလှယ်ရေး လမ်းကြောင်းသစ် ဖွင့်လှစ်

(GMT+08:00) 2018-06-19 09:29:49

တရုတ်ပြည် ရှန်ဟိုင်းမြို့၌ ကျင်းပနေသော ၂၁ ကြိမ်မြောက် ရှန်ဟိုင်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် ပထမဆုံးအကြိမ် အဖြစ် Belt and Road ရုပ်ရှင် သီတင်းပတ် လှုပ်ရှားမှုကို ပြုလုပ်ပြီး ရုပ်ရှင် ယဉ်ကျေးမှုနှင့် ရုပ်ရှင်လုပ်ငန်း အကြား နက်ရှိုင်းစွာ ကူးလူးဖလှယ်စေဖို့ တံခါးဖွင့် ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်း ထူထောင်ပေးရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

Belt and Road ရုပ်ရှင် ယဉ်ကျေးမှု စားပွဲဝိုင်း ဖိုရမ်ကို ယခုလ ၁၈ ရက်နေ့ ညနေပိုင်းက ကျင်းပခဲ့ရာ၊ ယူမေးနီးယား၊ မလေးရှား၊ အိန္ဒိယ၊ အီဂျစ် စသည့် နိုင်ငံမှ ရုပ်ရှင် လောကမှ ပုဂ္ဂိုလ်များသည် ယင်းဖိုရမ်သို့ တက်ရောက်ခဲ့ကြပါသည်။

ယခုအကြိမ် Belt and Road ရုပ်ရှင် သီတင်းပတ် လှုပ်ရှားမှုတွင်၊ "ရုပ်ရှင် ပြသခြင်း" နှင့် "Belt and Road ရုပ်ရှင်ကား ညချိန်" စသဖြင့်လည်း ပါဝင်သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio