• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မာဆီဒိုးနီးယား နိုင်ငံ၏အမည် ပြောင်းလဲခြင်းနှင့် ပတ်သက်၍ ဂရိနှင့် မာဆီဒိုးနီးယား စာချုပ်ချုပ်ဆို

(GMT+08:00) 2018-06-18 15:25:18

မာဆီဒိုးနီးယား နိုင်ငံ၏ အမည်ပြောင်းလဲခြင်း ပြဿနာနှင့် ပတ်သက်၍ ဂရိနှင့် မာဆီဒိုးနီးယားတို့သည် ယခုလ ၁၇ရက်နေ့က နှစ်နိုင်ငံ နယ်စပ်ရှိ ပရယ်စပက်စ် ရေကန်၏ ဂရိနိုင်ငံဘက်တွင် သဘောတူ စာချုပ် တစ်ရပ်ကို ချုပ်ဆိုခဲ့ကြကြောင်း၊ ရည်ရွယ်ချက်မှာ ၄င်းပြဿနာ အပေါ် နှစ်နိုင်ငံ အကြားရှိ နှစ်ပေါင်း ၂၀ကျော်ကြာသော အငြင်းပွားမှုကို အဆုံးသတ်ရန် ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

၎င်းစာချုပ်အရ မာဆီဒိုးနီးယားနိုင်ငံ၏ အမည်ကို မာဆီဒိုးနီးယား သမ္မတ နိုင်ငံမှ မြောက်မာဆီဒိုးနီးယား သမ္မတ နိုင်ငံ အဖြစ် ပြောင်းလဲမည် ဖြစ်ကြောင်း သိရသည်။

 

   Webradio