• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်-တရုတ် ကုန်သွယ်မှု စစ်ပွဲ အပေါ် အမေရိကန် အလွှာပေါင်းစုံ အာရုံစိုက်

(GMT+08:00) 2018-06-17 14:11:59

ပီကင်းစံတော်ချိန် ယခုလ ၁၅ ရက်နေ့က အမေရိကန် အစိုးရက အမေရိကန်သို့ တင်သွင်းသော အမေရိကန် ဒေါ်လာ ဘီလီယံ ၅၀ဖိုးခန့်ရှိသော တရုတ် ကုန်ပစ္စည်းများ အပေါ် အခွန် ၂၅ရာခိုင်နှုန်း တိုးကောက်မည်ဟု ကြေညာခဲ့ကြောင်း၊ တရုတ်ဘက်က အမေရိကန်မှ တရုတ်ပြည်သို့ တင်သွင်းသော အမေရိကန် ဒေါ်လာ ဘီလီယံ ၅၀ခန့်ရှိသည့် ကုန်ပစ္စည်းများ အပေါ် အခွန် ၂၅ရာခိုင်နှုန်း တိုးကောက်မည်ဟုလည်း တခါတည်း ကြေညာခဲ့ကြောင်း၊ အမေရိကန် မီဒီယာ အပါအဝင် အလွှာပေါင်းစုံသည် တရုတ်ပြည် အပေါ် အမေရိကန်မှ လှုံ့ဆော်သော ကုန်သွယ်မှု စစ်ပွဲကို အလွန် အာရုံစိုက်နေကြကြောင်း၊ ချိစ်(ပ်)ပြားနှင့် လယ်ယာထွက်ကုန် စသည့် လုပ်ငန်းနယ်ပယ်များသည် ပြင်းထန်စွာ ဆန့်ကျင်ကြကြောင်း စီအာအိုင် သတင်းအရ သိရသည်။

အမေရိကန် ကုန်သွယ်ရေး ဝန်ကြီး ကူတယ်ရက်စ်က အမေရိကန်၏ နည်းဗျူဟာနှင့် နည်းပရိယာယ်ကို ဆက်တိုက်ကျင့်သုံးခြင်း မရှိဘဲ အမြဲ ပြောင်းလဲနေကြောင်း၊ ယင်းအပေါ် အမေရိကန်၏ ကုန်သွယ်ဖက်များသည် စိုးရိမ်မကင်း ဖြစ်မိနေကြောင်း မီဒီယာများအား ပြောကြားသည်။

   Webradio