• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပထမဆုံး အကြိမ် တရုတ်-တောင်အာရှ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ကျင်းပပြီးစီး

(GMT+08:00) 2018-06-17 14:11:11

ပထမဆုံး အကြိမ် တရုတ်-တောင်အာရှ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို ယခုလ ၁၅ရက်နေ့က တရုတ်ပြည် ယူနန်ပြည်နယ် ယွိရှီးမြို့တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယခုအကြိမ် ဖိုရမ်၏ ဆောင်ပုဒ်မှာ "တောင်အာရှ ဒေသ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ပြီး ဒေသတွင်း သက်ညှာထောက်ထားမှု ရှိသည့် ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးရန်" ဖြစ်ကြောင်း၊ ဖိုရမ်ကို တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ် အစိုးရတို့ ပူးတွဲ ဦးစီးကျင်းပခဲ့ခြင်း ဖြစ်ကြောင်း၊ အာဖဂန်နစ္စတန်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မော်လဒိုက်၊ နီပေါ၊ ပါကစ္စတန်၊ သီရိလင်္ကာ အပါအဝင် တောင်အာရှ နိုင်ငံများနှင့် မြန်မာ၊ ဗီယက်နမ်စသည့် အရှေ့တောင် အာရှ နိုင်ငံများမှ ဧည့်သည်တော် ၄၀၀ခန့်သည် ဖိုရမ်သို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

   Webradio