• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အဌမ အကြိမ် "ဧရာဝတီမြစ်-မေနမ်မြစ်-မဲခေါင်မြစ် မြစ်ဝှမ်းဒေသ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ"(ACMECS) ထိပ်သီး အစည်းအဝေး ကျင်းပ

(GMT+08:00) 2018-06-17 14:04:39

အဌမ အကြိမ် ဧရာဝတီမြစ်-မေနမ်မြစ်-မဲခေါင်မြစ် မြစ်ဝှမ်းဒေသ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီး အစည်းအဝေးကို ယခုလ ၁၅ရက်နေ့မှ ၁၆ရက်နေ့ အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် ကျင်းပခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် ၅နိုင်ငံတို့မှ ခေါင်းဆောင်များ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်း အချို့မှ တာဝန်ခံတို့သည် တက်ရောက် ခဲ့ကြကြောင်း သိရသည်။

ယခုအကြိမ် အစည်းအဝေး၏ ဆောင်ပုဒ်မှာ "မဲခေါင်မြစ် ဒေသ တပြေးညီ ဖြစ်စေရေးသို့ ချီတက်ရန်" ဖြစ်ကြောင်း၊ တက်ရောက်ခဲ့ကြသည့် နိုင်ငံ အသီးသီးမှ ခေါင်းဆောင်များသည် ဒေသတွင်း အပြန်အလှန် ဆက်သွယ်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အဆင့် တိုးမြင့်ရေး အတွက် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ စီမံကိန်း တစ်ရပ်ကို အတည်ပြုပြဌာန်းပြီး ကျင်းသုံးရန် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

   Webradio