• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်နှင့် ကုန်သွယ်ရေးဆိုင်ရာ ကိုယ့်​ကိုယ်​ကို​ကာ​ကွယ်​ရေး​နှင့်​တုံ့​ပြန်​တိုက်​ခိုက်​ရေး​စစ်​ပွဲကို တရုတ်ပြတ်သားစွာ အနိုင်ရရှိရမည်

(GMT+08:00) 2018-06-16 16:21:34

     ယခုလ ၁၅ ရက်နေ့က အမေရိကန် အစိုးရသည် တရုတ်-အမေရိကန်ရရှိခဲ့သော သဘောတူညီမှုကို မငဲ့ဘဲ ဒေါ်လာ ဘီလီယံ ၅၀ ဖိုးရှိ တရုတ် ကုန်ပစ္စည်းများ အပေါ် အခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်ရန် နောက်ဆုံး စာရင်းဇယားကို ထုတ်ပြန်ခဲ့ပြီး၊ တရုတ်ပြည်နှင့် တရုတ်ပြည်သူများ၏ တရားဝင်အကျိုးစီးပွားကို ဆိုးရွားစွာ ထိခိုက်ခဲ့သည်။ ထို့နောက်၊ တရုတ်ပြည်အနေနှင့်၊ သက်ဆိုင်ရာ တရားဥပဒေအရ ကြေညာချက်ထုတ်ပြန်ခဲ့ရာ၊ အမေရိကန်နိုင်ငံတွင် ထွက်ရှိသည့် အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ ဖိုးရှိသော သွင်းကုန်ပစ္စည်း ၆၅၉ မျိုးအပေါ် အခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်မည်ဖြစ်ကြောင်း ဖော်ပြသည်ဟု စီအာအိုင် သတင်းအရ သိရသည်။

တူညီသော အတိုင်းအတာ၊ တူညီသော အဆင့်အတန်း၊ တရုတ်ပြည်အနေနှင့်၊ ကတိမှန်မျှတည်စေမည့်အပြင်၊ ပိုမိုလျင်မြန်၊ အားကောင်း၊ တိကျသော တုံ့ပြန်ဆောင်ရွက် ချက်များဖြင့် အမေရိကန်၏       ကိုယ်နှင့်သူများကို နစ်နာစေသည့် လုပ်ရပ်များ အပေါ် အားကောင်းကောင်းဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့သည်။

   Webradio