• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

CIIE (2018)ပြပွဲအပေါ် စကော်လာကျောင်းသူတစ်ဦးရဲ့ အမြင်သုံးသပ်ချက်

(GMT+08:00) 2018-06-15 13:41:58
တရုတ်နိုင်ငံရဲ့ ပထမဆုံး တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲကြီးကို ၂၀၁၈ခုနှစ် နိုဝင်ဘာလ (၅)ရက်နေ့ကနေ (၁၀)ရက်နေ့အထိ ရှန်းဟိုင်းမြို့မှာ ကျင်းပပြုလုပ်သွားမှာဖြစ် ပါတယ်။ ဒီသွင်းကုန်ပြပွဲမှာ နိုင်ငံပေါင်း(၁၀၀)ကျော်က ပြခန်းပေါင်း(၂၀၀၀)ကျော်ပါဝင်ပြသ မှာဖြစ်တယ်လို့သိရပါတယ်။ ဒီသွင်းကုန်ပြပွဲနှင့်ပတ်သက်ပြီး ပီကင်းတက္ကသိုလ်မှာ စီးပွား ရေးပြည်သူ့မူဝါဒရေးရာဘာသာရပ်ဖြင့် လာရောက်ပညာသင်ယူနေတဲ့ မြန်မာနိုင်ငံ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒေါ်ခင်မာအေးရဲ့အမြင်တွေကို CRI က တွေ့ဆုံမေးမြန်းထား ပါတယ်။

မေး>>> မင်္ဂလာပါခင်ဗျ

ခင်မာအေး>>> ဟုတ်ကဲ့ မင်္ဂလာပါ။

မေး>>> လာမယ့် ၂၀၁၈ နိုဝင်ဘာလ (၅)ရက်နေ့ကနေ (၁၀)ရက်နေ့အထိ တရုတ်နိုင်ငံရဲ့ ပထမဆုံး တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲကို ရှန်းဟိုင်းမြို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီတော့ ဒီပြပွဲနှင့်ပတ်သက်ပြီး အစ်မအနေနဲ့ ဘယ်လိုမြင်ပါသလဲ။ သုံးသပ်ပေးပါဦး ။

ခင်မာအေး>>> ဟုတ်ကဲ့။ ဒီ China International Import Expoပွဲကြီးက C2IEလို့ ခေါ်တာပေါ့နော်။ ၂၀၁၈မှာ ပထမဆုံးအကြိမ်ကျင်းပမယ်။ သွင်းကုန်ကို အဓိကဦးစားပေးပြီး တရုတ်နိုင်ငံရဲ့ ပြည်တွင်းဈေးကွက်မှာ ပြသတာဖြစ်တဲ့အတွက်ကြောင့် များစွာအကျိုးရှိပါ တယ်။ နံပါတ်(၁)အနေနဲ့ တရုတ်နိုင်ငံက ကမ္ဘာပေါ်မှာ လူဦးရေအများဆုံး တိုင်းပြည်တစ်ခု ဖြစ်တဲ့အတွက် ဈေးကွက်အားဖြင့်လည်း ကမ္ဘာ့လူဦးရေရဲ့(၂၀)ရာခိုင်နှုန်းကျော် ကျယ်ပြန့် တဲ့သဘောမှာရှိပါတယ်။ နောက်တစ်ခုက သွင်းကုန်ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတကာရဲ့ ကုန်ပစ္စည်းတွေရော၊ ကုန်ပစ္စည်းအမှတ်တံဆိပ်တွေရော၊ ပြပွဲမှာနိုင်ငံပေါင်း(၁၀၀)ကျော်က နေပြခန်းပေါင်း(၂၀၀၀)ကျော်ပါဝင်မှာဖြစ်တဲ့အတွက် များစွာကြီးကျယ်ခမ်းနားတဲ့ သွင်းကုန် ပြပွဲတစ်ခုဖြစ်ပါတယ်။

မေး>>> ဟုတ်ကဲ့ပါ။ ဒီသွင်းကုန်ပြပွဲမှာ ပြခန်းနှစ်မျိုးနှစ်စားရှိပြီး ကုန်ပစ္စည်းတွေပြတဲ့ ပြခန်းနှင့်ဝန်ဆောင်မှုပိုင်းကိုပြသတဲ့ပြခန်းတွေဖြစ်ပါတယ်။ကုန်ပစ္စည်းပြခန်းမှာ စားသောက် ကုန်ပစ္စည်းတွေပါမယ်။ အိမ်သုံးပစ္စည်း၊ အ၀တ်အထည်၊ ဖုန်းနှင့်ဆက်စပ်ပစ္စည်းတွေ၊ လယ်ယာထွက်ကုန်တွေ၊ ဆန်းသစ်တဲ့နည်းပညာပစ္စည်းတွေ၊ စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းတွေ စသဖြင့် ပါဝင်ပြသကြမှာဖြစ်ပါတယ်။ နောက်ပြီး တရုတ်နိုင်ငံက ဒီသွင်းကုန် ပြပွဲကို ပါဝင်ပြသကြဖို့လည်း နိုင်ငံတကာကိုဖိတ်ခေါ်ထားပြီး ကူညီထောက်ပံ့ရေး အစီအစဉ် တွေလည်း ထည့်သွင်းထားတယ်လို့သိရပါတယ်။ ဒီတော့ မြန်မာနိုင်ငံလည်း ပါဝင်ပြသနိုင်ခဲ့ မယ်ဆိုရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိလာနိုင်မယ်လို့ အစ်မထင်ပါသလဲခင်ဗျ။

ခင်မာအေး>>> ဒီသွင်းကုန်ပြပွဲမှာ Event (၃)ခုနှင့် ပြသမှာဖြစ်ပါတယ်။ အဲဒါတွေကတော့ ကုန်သွယ်ရေးတိုးမြှင့်ဆောင်ရွက်ခြင်း (Trade and Openning Up)၊ ကုန်သွယ်မှုနှင့် ဆန်းသစ် ပြောင်းလဲခြင်း(Trade and Innovation)၊ ကုန်သွယ်မှုနှင့်ရင်းနှီးမြှပ်နှံခြင်း(Trade and Investment )တို့ဖြစ်ပါတယ်။ ဒီ Event (၃)ခုလုံးဟာဆိုရင် များစွာတန်ဖိုးရှိပါတယ်။ မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံဟာ အရင်ကတည်းကပေါ့နော်။ နှစ်ဦးနှစ်ဖက်ကုန်သွယ်ရေး ဆက်ဆံမှုမှာအမြင့်ဆုံးမှာရှိတယ်။ မြန်မာနိုင်ငံရဲ့ပို့ကုန်အကုန်လုံးဟာ တရုတ်နိုင်ငံရဲ့ ဈေးကွက်က အဓိကဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ ဒီသွင်းကုန်ပြပွဲမှာ ပါဝင်ပြသနိုင် ခဲ့မယ်ဆိုရင် ဈေးကွက် ရှယ်ယာကျတဲ့အနေအထားရော၊ မြန်မာနိုင်ငံရဲ့ ကုန်ပစ္စည်းတွေကို တရုတ်ဈေးကွက်တင်မက ပြပွဲမှာ ပါဝင်မယ့်အခြားနိုင်ငံတွေကိုပါ ကုန်ပစ္စည်းအရည်အသွေး တွေ၊ ကုန်ပစ္စည်းအမှတ်တံဆိပ်တွေ၊ ကုန်ပစ္စည်းအမျိုးအမည်တွေကို ပြသနိုင်မယ့်အခွင့် အလမ်းတစ်ခုရှိပါတယ်။ ဒုတိယတစ်ခုအနေနဲ့အခြားနိုင်ငံပေါင်း(၁၀၀)ကျော်က လုပ်ငန်းရှင် တွေနဲ့တွေ့ဆုံနိုင်တယ်။ ဒါ့အပြင် တရုတ်ဈေးကွက်မှာ မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေကို ၀ယ်ယူသုံးစွဲနေသူတွေနဲ့တိုက်ရိုက်တွေ့ဆုံနိုင်ပြီး ၀ယ်ယူစားသုံးသူတွေရဲ့ ကြိုက်နှစ်သက်မှု အရှိဆုံး မြန်မာ့ပို့ကုန်တွေရဲ့အကြောင်းနှင့် တရုတ်ဈေးကွက်မှာ တိုးဖောက်နိုင်မယ့်ကုန် ပစ္စည်းတွေရဲ့အခြေအနေ စတဲ့ ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်တွေ အများကြီး ရရှိလာနိုင်ပါတယ်။ တတိယအချက်အနေနဲ့ကတော့ Networkingပေါ့။ မြန်မာနိုင်ငံအနေ နဲ့ ဒီသွင်းကုန်ပြပွဲမှာပါဝင်ပြသခြင်းအားဖြင့် ၀ယ်ယူမယ့် Costomer တွေရော မြန်မာ့ကုန် ပစ္စည်းတွေကို တန်ဖိုးမြင့်ကုန်ပစ္စည်းထုတ်ကုန်တွေကို တိုးမြှင့်ဖို့အတွက်လိုအပ်တဲ့ နည်း ပညာ၊ အရင်းအနှီး၊ ဖြည့်စွတ်ရမယ့်ကုန်ပစ္စည်းတွေ စသဖြင့် အများကြီးတွေ့ဆုံနိုင်တာမို့ မြန်မာနိုင်ငံရဲ့ Networkingပေါ့။ ဒီဈေးကွက်ကွန်ရက်(Market Network)ကြီးကို ချဲ့ထွင် နိုင်မှာဖြစ်တယ်။ နောက်တစ်ခုက မြန်မာနိုင်ငံအနေနဲ့ ကုန်ပစ္စည်းအသစ်တွေကို ဒီအတိုင်း ကြော်ငြာပေါ့နော်။ အခြားနိုင်ငံဈေးကွက်ကိုသွားပြီး ကြော်ငြာဖို့ဆိုတာ ခက်ခဲပါတယ်။ ဒီလို သွင်းကုန်ပြပွဲတွေကနေတစ်ဆင့် မြန်မာနိုင်ငရဲ့ကုန်ပစ္စည်းအသစ်တွေကို စတင်မိတ်ဆက် နိုင်တယ်။ နောက်ဆုံးတစ်ချက်အနေနဲ့ အစ်မအမြင်အရပေါ့နော်။ Databaseပေါ့။ မြန်မာ နိုင်ငံရဲ့ ပို့ကုန်ပစ္စည်းတွေနှင့်ပတ်သက်ပြီးတော့ အချက်အလက်တွေ၊ ဘယ်နိုင်ငံတွေက စိတ်ဝင်စားတယ်။ ဘယ်ဈေးကွက်မှာ မြန်မာ့ကုန်ပစ္စည်းတွေက ပိုပြီးတော့နေရာရရှိနိုင် တယ်။ ဈေးကွက်အနေအထားအရ ပိုပြီးရရှိနိုင်တယ်ဆိုတဲ့ အချက်အလက်တွေကိုလည်း ဒီသွင်းကုန်ပြပွဲကနေတစ်ဆင့် အစ်မတို့ရရှိနိုင်တဲ့အတွက် များစွာအကျိုးရှိပါတယ်။

မေး>>> ဟုတ်ကဲ့ပါ။ ဒီသွင်းကုန်ပြပွဲမှာ မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေကို ပြသနိုင်ခဲ့မယ် ဆိုရင် တရုတ်ဈေးကွက်နှင့်ကမ္ဘာ့ဈေးကွက်မှာ မြန်မာ့ကုန်ပစ္စည်းတွေဟာ နိုင်ငံတကာ ဈေး ကွက်ထဲကိုရောက်သွားမယ်။ အဲဒီတော့ဒီသွင်းကုန်ပြပွဲမှာ မြန်မာနိုင်ငံအနေနဲ့ဈေးကွက် ကျယ်ပြန့်သွားမှာတော့သေချာပါတယ်။ ဒီတော့ ဒီလိုဈေးကွက်ကျယ်ပြန့်သွားတဲ့အပြင် အစ်မအနေနဲ့ အခြားမျှော်မှန်းချက်ကို ပြောပါဆိုရင် ဘယ်လို မျှော်လင့်မလဲ။

ခင်မာအေး>>> ဒီသွင်းကုန်ပြပွဲကနေ အစ်မတို့မျှော်လင့်တာတော့ စောစောကပြောသလို Costomerသစ်တွေရနိုင်တယ်။ မြန်မာ့ကုန်ပစ္စည်းတွေကိုတန်ဖိုးမြှင့်အရည်အသေး ထုတ်ကုန်အတွက် လိုအပ်တဲ့နည်းပညာ၊ အရင်းအနှီး၊ နောက်တစ်ခါ Trade and Investmentဆိုတဲ့အခန်းကဏ္ဍလည်းပါဝင်တယ်။ ဒီသွင်းကုန်ပြပွဲမှာ။ အဲဒီကနေတစ်ဆင့် အစ်မတို့ မြန်မာနိုင်ငံရဲ့ ကုန်စည်ဈေးကွက်တွေကို လာရောက်ရင်းနှီးမြှပ်နှံနိုင်တဲ့ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု (Foreign Investment)တွေလည်း ရရှိဖို့အခွင့်အရေးတွေရှိတယ်။ တတိယ အချက်အနေနဲ့ကျတော့ Trade and Innovationလေးပါပါဝင်တယ်။ ဒီသွင်းကုန်ပြပွဲမှာ လေ။အခုလက်ရှိ အစ်မတို့မြန်မာနိုင်ငံအနေနဲ့ အချို့ပို့ကုန်ပစ္စည်းတွေဟာ တန်ဖိုးမြှင့်ပစ္စည်း အဖြစ်ထုတ်လုပ်နိုင်ဖို့အတွက် နည်းပါးသေးတယ်ပေါ့။ အခွင့်အလမ်းနည်းပါသေးတယ်။ ပြီး တော့ ဒီtrade and Innovationအခန်းကဏ္ဍကနေ မြန်မာနိုင်ငံကလုပ်ငန်းတွေဟာ ကိုယ့်ရဲ့ ကုန်ပစ္စည်းတွေကို ကမ္ဘာ့ဈေးကွက်(Global Market)မှာ Value Change ဆိုတဲ့ တစ်ခုနဲ့ တစ်ခုဆက်စပ်ပြီးတော့ တန်ဖိုးမြင့်ပစ္စည်းထုတ်လုပ်တဲ့ဈေးကွက်ကြီးကို တိုးဝင်နိုင်ဖို့ဆို အစ်မတို့ ဒီtrade and Innovationအလိုရှိပါတယ်။ ဒီသွင်းကုန်ပြပွဲကြီးမှာ trade and Innovationဆိုတဲ့ အခန်းကဏ္ဍပါဝင်တဲ့အတွက်ကြောင့်မို့ အစ်မတို့ရဲ့ပို့ကုန်ပစ္စည်းတွေ၊ တန်ဖိုးမြင့်ပစ္စည်းတွေထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့Innovationပြုလုပ်ဖို့အခွင့်အရေးတွေ ရလာနိုင်မယ်လို့အစ်မအနေနဲ့ မျှော်မှန်းထားပါတယ်။

မေး>>> ဟုတ်ကဲ့ပါ။ ဒီသွင်းကုန်ပြပွဲဟာ ပြီးခဲ့တဲ့၂၀၁၇ခုနှစ် Belt & Road ဖိုရမ်မှာ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌရှီကျင့်ဖိန်ကနေ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေကို ပြုလုပ်နိုင်ဖို့ အတွက် ၂၀၁၈ခုနှစ်မှ တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲကို ပြုလုပ်သွားမယ်လို့ သူ့ရဲ့ မိန့်ခွန်း ထဲမှာထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်ခင်ဗျ။ အခုဆို ဥက္ကဋ္ဌရှီကျင့်ဖိန်ရဲ့ ဆုံးဖြတ်ချက် မိန့်ခွန်းအတိုင်းပဲ လာမယ့်နိုဝင်ဘာလမှာ တရုတ်နိုင်ငံရဲ့ပထမဆုံးအကြိမ် တရုတ်နိုင်ငံ တကာသွင်းကုန်ပြပွဲကို ကျင်းပသွားတော့မှာဖြစ်ပါတယ်။ ဒီတော့ဒီသွင်းကုန်ပြပွဲကနေ အိမ်ရှင်တရုတ်နိုင်ငံအနေနဲ့ ဘယ်လိုအကျိုးကျေးဇူးတွေရရှိသွားမယ်လို့ အစ်မထင်မြင်ပါ သလဲခင်ဗျ။

ခင်မာအေး>>> ဟုတ်ကဲ့။ တရုတ်နိုင်ငံအနေနဲ့ကဆိုရင် အိမ်ရှင်အနေနဲ့လည်းကျင်းပတာ ဖြစ်တဲ့အတွက်ကြောင့် သူရဲ့ပြည်တွင်း Demand ပေါ့နော်။ ပြည်တွင်းဈေးကွက် ၀ယ်လို အားကိုလည်း တစ်နည်းတစ်ဖုံဖြည့်ဆည်းပေးနိုင်တယ်။ တရုတ်နိုင်ငံရဲ့ ပြည်တွင်းဈေးကွက် ၀ယ်လိုအားမှာ ဘာတွေလိုအပ်နေတယ်၊ ဘယ်လိုပစ္စည်းတွေကို ပိုမိုသွင်းယူရမယ်ဆိုတဲ့ အချက်အလက်တွေလည်း တရုတ်နိုင်ငံအနေနဲ့ရရှိနိုင်တယ်။ ဒုတိယအချက်အနေနဲ့ ကမ္ဘာ့ ကုန်သွယ်ဖက်နိုင်ငံတွေနှင့် ပိုပြီးတော့ရင်းနှီးမြှပ်နှံမှုလုပ်ဖို့၊ကုန်သွယ်မှုကိုမြှင့်တင့်ဖို့အတွက် အခွင့်အရေးကောင်းတွေကို ဒီသွင်းကုန်ပြပွဲကနေတစ်ဆင့်ရရှိလာနိုင်တယ်။ တတိယအနေ နဲ့ကျတော့ တရုတ်နိုင်ငံရဲ့ဈေးကွက်ပေါ့နော်။ တရုတ်နိုင်ငံရဲ့ဈေးကွက်ချဲ့ထွင်မှုအပြင် ကမ္ဘာ့ကုန်သွယ်ရေး(Global Trade)ကို ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်လာတာနှင့်အညီ ကမ္ဘာ့ကုန်သွယ်ရေးကြီးကို ပိုမိုဖွံ့ဖြိုးလာဖို့အတွက် ကောင်းမွန်တဲ့အကြံပြုချက်တွေ၊ အတွေ့ အကြုံတွေ၊ နည်းပညာပိုင်းဆိုင်ရာ၊ ရင်းနှီးမြှပ်နှံမှုဆိုင်ရာ၊ ကုန်သွယ်ရေးဆိုင်ရာနှီးနှော ဖလှယ်မှုတွေအများကြီး ရရှိလာနိုင်လို့ အစ်မမြင်ပါတယ်။

မေး>>> ဟုတ်ကဲ့ပါ။ တရုတ်နိုင်ငံအနေနဲ့ ကမ္ဘာပေါ်က နိုင်ငံတွေနှင့်လုပ်ငန်းရှင်ကုန်သည် ကြီးတွေကို ဒီသွင်းကုန်ပြပွဲမှာ ပါဝင်ပြသကြဖို့ဖိတ်ခေါ်ထားတာတွေ့ရပါတယ်ခင်ဗျ။ နောက် တစ်ခါ ဒီပြပွဲမှာ လိုအပ်တဲ့ကူညီထောက်ပံ့မှုအစီအစဉ်တွေလည်းထည့်သွင်းတာတယ်လို့ ပြောဆိုထားတာကြောင့် လာရောက်ပါဝင်ပြသကြမယ့် နိုင်ငံတွေကို တရုတ်နိုင်ငံအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မျှဝေခံစားမှု (Sharing)ပေးသွားနိုင်မယ်လို့ ထင်ပါသလဲ။ သုံးသပ် ပေးပါဦး။

ခင်မာအေး>>> ဟုတ်ကဲ့။ တရုတ်နိုင်ငံအနေနဲ့ ကမ္ဘာ့စီးပွားရေးမှာ Open Marketကို ကျင့်သုံးနေတဲ့အချိန်မှာ ကမ္ဘာ့နိုင်ငံတွေနှင့်အတူ ဒီသွင်းကုန်ပြပွဲကြီးကို ကျင်းပလိုက်ခြင်း အားဖြင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကုန်သွယ်ရေးဆိုင်ရာ Trade and Innovation၊ Trade and Investment၊ Trade and Openning up ဆိုတဲ့ ခေါင်းစဉ်ကြီး (၃)အောက်မှာ ကျယ်ကျယ် ပြန့်ပြန့်ပဲ ကုန်သွယ်မှုကဏ္ဍကြီးကို မြှင့်တင်ဖို့အတွက် အကြံပြုချက်တွေ၊ ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်တွေ၊ ရင်းနှီးမြှပ်နှံမှုဆိုင်ရာ၊နည်းပညာပိုင်းဆိုင်ရာ တီထွင်ကြံဆ မှုတွေ၊ ကုန်ပစ္စည်းထုတ်လုပ်မှုဆိုင်ရာ ဈေးကွက်လိုအပ်ချက်တွေ စတဲ့အချက်တွေကို တရုတ်နိုင်ငံက မိတ်ဖက်နိုင်ငံတွေကို ပြန်လည်ပြီးတော့ မျှဝေပေးနိုင်မယ်လို့ အစ်မတော့ ယုံကြည်ပါတယ်။

မေး>>> ဟုတ်ကဲ့ပါ။ ဒီသွင်းကုန်ပြပွဲက တရုတ်နိုင်ငံအတွက် ပထမဆုံးအကြိမ်ဖြစ်တဲ့ အတွက်ကြောင့် ထူးခြားချက်က ဘာရှိမလဲ။ ဘာလိုအချက်တွေ ဖြစ်နိုင်မလဲ။ အစ်မအမြင် လေး သုံးသပ်ပေးပါဦး။

ခင်မာအေး>>> ဟုတ်ကဲ့။ ဒီပြပွဲရဲ့ အစီအစဉ်(Agenda)ကို ကြည့်လိုက်တဲ့အချိန်မှာ ပြပွဲရဲ့ အောက်မှာ Investment၊ Innovationကို အဓိကထားပြီးတော့သွားတာဖြစ်တဲ့အတွက် ကြောင့် တရုတ်နိုင်ငံရဲ့ဈေးကွက်နှင့် ကမ္ဘာ့နိုင်ငံတွေရဲ့ ကုန်သွယ်မှုအခန်းကဏ္ဍအပြင် တရုတ်နိုင်ငံရဲ့ကုန်ပစ္စည်းနှင့်အတူ တရုတ်နိုင်ငံတကာသွင်းကုန်တွေနှင့်ပတ်သက်ပြီးတော့ ဒီကဏ္ဍကို ဘယ်လို မြှင့်တင်ဆောင်ရွက်ရမလဲဆိုတဲ့ အဓိကအချက်ကို တရုတ်နိုင်ငံက ရှာဖွေတွေ့ ရှိလိမ့်မယ်လို့အစ်မကတော့ ထင်ပါတယ်။

မေး>>> ဟုတ်ကဲ့ပါ။ အစ်မအနေနဲ့ ဖြည့်စွက်ပြီးတော့ ပြောစရာရှိဦးမယ်ဆိုရင်လည်း ပြောပြပေးပါဦး။

ခင်မာအေး>>> ဟုတ်ကဲ့။ ကျောင်းသူတစ်ယောက်အနေနဲ့ လေ့လာသိရှိထားသလောက် ပြောရမယ်ဆိုရင်တော့ သွင်းကုန်ပြပွဲတွေလုပ်တဲ့အခါမှာ အိမ်ရှင်နိုင်ငံတွေအနေနဲ့ရော ပါဝင် ပြသကြတဲ့ နိုင်ငံတွေအတွက် များစွာအကျိုးကျေးဇူးရှိပါတယ်။ အဓိကအားဖြင့် နိုင်ငံတွေရဲ့ ကုန်ပစ္စည်းတွေ၊ဈေးကွက်တွေ၊ Networkingပေါ့နော်။ Trade Networkingတွေ၊ နောက်ပြီး တော့ ဈေးကွက်ပိုင်းဆိုင်ရာ သတင်းအချက်အလက်တွေကို တည်ဆောက်လာနိုင်မယ်။ အိမ်ရှင်ရော ပါဝင်ပြသပေးတဲ့ နိုင်ငံ၊ အဖွဲ့အစည်းတွေရော များစွာအကျိုးရှိတယ်။ နောက်ပြီး တော့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကုန်သွယ်ရေးအရ စတင်မိတ်ဆက်ဖို့အတွက်လည်း ဒီလို သွင်းကုန်ပို့ကုန်ပြပွဲတွေကနေတစ်ဆင့် အခွင့်အလမ်းတွေများစွာရရှိတာဖြစ်တဲ့အတွက် ကြောင့် ဒီနိုင်ငံတကာသွင်းကုန်ပြပွဲတွေဟာ ကုန်သွယ်ရေးအတွက်တင်မက ကမ္ဘာ့စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ အရေးပါတဲ့ပြပွဲတွေ၊အရေးပါတဲ့လှုပ်ရှားမှု(Activity)တစ်ခုလို့ အစ်မမြင်ပါတယ်။

မေး>>>ဟုတ်ကဲ့ပါ။ အခုလိုမေးမြန်းသမျှကိုစိတ်ရှည်စွာ ပြန်လည်ဖြေကြားပေးခဲ့တဲ့ မြန်မာ နိုင်ငံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေး ကို ကျွန်တော်တို့ CRIက အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

ခင်မာအေး>>> ဟုတ်ကဲ့ပါ။ အစ်မအနေနဲ့လည်း အစ်မသိသလောက် လေ့လာဆည်းပူး ရသလောက် ပြန်လည်မျှဝေရတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

   Webradio