• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပဉ္စမအကြိမ်တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် ၂၅ကြိမ်မြောက်တရုတ်ကူမင်းသွင်းကုန်ပို့ ကုန်ကုန်စည်ပြပွဲဖွင့်လှစ်

(GMT+08:00) 2018-06-15 13:28:19

ယမန်နေ့ ၁၄ ရက်နေ့နံနက်ပိုင်းက ပဉ္စမအကြိမ် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် ၂၅ကြိမ်မြောက် တရုတ်ကူမင်းသွင်းကုန်ပို့ကုန်ကုန်စည်ပြပွဲကို ကူမင်းမြို့၌ ဖွင့်လှစ်ခဲ့သည်ဟု စီအာအိုင်သတင်းအရသိရသည်။

၇ရက်ကြာသည့် ယခုအကြိမ်ကုန်စည်ပြပွဲ၏ဆောင်ပုဒ်မှာ Belt & Road ဘောင်အတွင်း အတူအောင်နိုင်သော ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ခြင်း ဖြစ်သည်။ ပြပွဲ အကျယ်အဝန်းမှာ စတုရန်းမီတာ ၁ သိန်း ၉ သောင်းခန့်ရှိပြီး ပြခန်းနေရာ ၈၅၀၀ ခန့်ရှိကြောင်း၊ နိုင်ငံ၊ ဒေသနှင့် နိုင်ငံတကာအဖွဲ့အစည်း ၈၇ ခုမှ ပြည်တွင်းပြည်ပလုပ်ငန်းဌာန ၃၈၂၅ ခု ပါဝင်ပြသထားကြောင်း၊ ၄င်းအနက် တောင်အာရှနိုင်ငံမှ လုပ်ငန်းကုမ္ပဏီ ၅၂၆ ခု၊ အရှေ့တောင်အာရှနိုင်ငံမှ လုပ်ငန်းကုမ္ပဏီ ၅၁၃ ခု၊ ကမ္ဘာ့ရှေ့တန်းနေရာ ၅၀၀ ထဲရှိလုပ်ငန်းကုမ္ပဏီ ၁၂ ခုရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ယခုအကြိမ်ကုန်စည်ပြပွဲတွင် အဓိကမိတ်ဆက်ပေးသည့် ဧည့်သည်တော် နိုင်ငံဖြစ်ပါသည်။ ယခုတစ်ကြိမ်ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံပါဝင်ပြသသည့် ပြခန်းနေရာမှာ ၇၄ ခန်း ရှိသည့်အတွက် သမိုင်းစံချိန်တင်ခဲ့ကြောင်း၊ အဓိကပြသသည့်ကုန်ပစ္စည်းမှာ ကျောက်မျက်ရတနာ၊ သစ်သီးဝလံ၊ ပဲ၊ သစ်အချောထည်၊ ဝါးထည်၊ ပျားရည်၊ လက်ဖက်၊ လက်မှုပစ္စည်း စသည်တို့ပါဝင်ကြောင်း သိရသည်။

   Webradio