• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နှင့်ကန် ယှဉ်ပြိုင်မှုသည် အစားထိုးရန် မဟုတ်ဘဲ ပိုမိုတိုးတက်ရန် ရည်မှန်းထားဟု ဝမ်ယိဆို

(GMT+08:00) 2018-06-15 11:17:19

ယခုလ ၁၄ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ပွန်ပေအိုတို့ တွေ့ဆုံဆွေးနွေးပြီးနောက် သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

တရုတ်နှင့်အမေရိကန် ယှဉ်ပြိုင်မှုနှင့်ပတ်သက်သော မေးခွန်းကို ဖြေကြားခဲ့ရာ ဝမ်ယိက နိုင်ငံကြီးနှစ်နိုင်ငံအနေနှင့် တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံတို့အကြား ယှဉ်ပြိုင်မှုသည် နိုင်ငံတကာ ဆက်ဆံမှုတွင် ပုံမှန်အခြင်းအရာတစ်မျိုး ဖြစ်ကြောင်း၊ တရုတ်- အမေရိကန်အကြား ယှဉ်ပြိုင်မှုသည် အပြုသဘောဆောင်သောယှဉ်ပြိုင်မှု ဖြစ်ပြီး တစ်ဖက်သားအား အစားထိုးရန် မဟုတ်ဘဲ မိမိကိုယ်တိုင် ပိုမိုတိုးတက်ရန် ရည်မှန်းထားသင့်ဟု တရုတ်ပြည်ဘက်က ယူဆကြောင်း၊ နှစ်ဦးနှစ်ဖက်တို့သည် ယှဉ်ပြိုင်မှုဖြင့် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးပြီး ပူးပေါင်းဆောင်ရွက်မှုဖြင့် အကျိုးစီးပွား အပြန်အလှန် ရရှိစေရမည် ဖြစ်ကြောင်း၊ သို့မှသာ တရုတ်နှင့် အမေရိကန်နှစ်နိုင်ငံ၏ အကျိုးစီးပွားနှင့် ကိုက်ညီပြီး နှစ်နိုင်ငံ၏ တာဝန်ဝတ္တရားကို ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

   Webradio