• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ပွန်ပေအိုနှင့် တွေ့ဆုံ

(GMT+08:00) 2018-06-15 10:17:49

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၄ ရက်နေ့က ပီကင်း၌ အလည်အပတ် ရောက်ရှိလာသော အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ပွန်ပေအိုနှင့် တွေ့ဆုံ ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က၊ တရုတ်နှင့် အမေရိကန် ပူးပေါင်း ဆောင်ရွက် ပါက နှစ်နိုင်ငံနှင့် ကမ္ဘာကြီးအတွက် ကောင်းကျိုးရှိသော အကြောင်းကိစ္စများကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့် အပြန်အလှန် လေးစားပြီး အပြန်အလှန် တန်းတူရည်တူ ထားကာ အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်း ဆောင်ရွက်မှု တိုးတက်ရေးကို တလျှောက်လုံး တွန်းအား ပေးနေကြောင်း ပြောကြားပါသည်။

ပွန်ပေအိုကလည်း၊ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့၏ လက်တွဲ လမ်းညွှန်မှုဖြင့် အမေရိကန်-တရုတ် ဆက်ဆံမှုသည် အဆက်မပြတ် တိုးတက်လာကြောင်း၊ အမေရိကန်သည် တရုတ်ပြည်နှင့် ဆက်ဆံမှု တိုးတက်ရေးကို အလေးထားကြောင်း ပြောကြားပါသည်။

   Webradio