• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နှင့်နီပေါ Belt and Roadမူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်မှုနက်ရှိုင်းရန် တရုတ်စောင့်မျှော်

(GMT+08:00) 2018-06-14 16:42:25

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌါနပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က တရုတ်နိုင်ငံတော် ကောင်စီဝန်ကြီးချုပ်လီခေ့ချန်၏ ဖိတ်ကြားချက်အရ နီပေါဝန်ကြီးချုပ်  အော်လီသည် ယခုလ၁၉ရက်နေ့မှ ၂၄ရက်နေ့အထိ တရတ်ပြည်တွင် တရားဝင်ခရီးလှည့်လည် မည်ဖြစ်ကြောင်း၊ ယခုလ၁၃ရက်နေ့က ပီကင်းမြို့၌ ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြားခဲ့သည်ဟု တရုတ်သတင်းဌါနမှ သတင်းအရသိရပါသည်။

ကင်စွမ်က တရုတ်ပြည်ဘက်သည် ဝန်ကြီးချုပ်အော်လီ၏ ယခုအကြိမ် ခရီးစဉ်မှတစ်ဆင့် တရုတ်-နီပေါအကြား  Belt and Road မူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး နိုင်ငံရေး၊ စီးပွားကုန်သွယ်ရေး၊ အခြေခံအဆောက်အအုံတည်ဆောက်ရေး၊ ဘေးဖြစ်ပွားပြီးပြန်လည်တည်ဆောက်ရေးနှင့် လူမှုယဉ်ကျေးမှုစသော နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုကို အားသစ်လောင်းပေး၍ နှစ်နိုင်ငံဆက်ဆံမှုကို တွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

   Webradio