• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြောက်ကိုးရီးယား-အမေရိကန် ခေါင်းဆောင် တွေ့ဆုံဆွေးနွေးပွဲသည် အရေးကြီး သမိုင်းဝင် အဓိပ္ပါယ် ရှိသည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို

(GMT+08:00) 2018-06-14 09:42:50

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က၊ မြောက်ကိုးရီးယား - အမေရိကန် ခေါင်းဆောင်တို့၏ စင်ကာပူ တွေ့ဆုံဆွေးနွေးပွဲတွင် ရရှိသော အောင်ကျိုးရလဒ်များသည် ကိုးရီးယားကျွန်းဆွယ် နျူကလီးယား ကင်းမဲ့စေရန်၊ ရန်ငြိုးထားမှုနှင့် ပြိုင်ဘက်ပြုမှုကို အဆုံးသတ်စေရန်နှင့် ကိုးရီးယား ကျွန်းဆွယ် ရေရှည် ငြိမ်းချမ်းရေးနှင့် စည်ပင်သာယာရေးကို ကြံစည်ရန်သို့ တက်လှမ်းသော မှန်ကန်ပြီး အရေးကြီးသည့် ခြေလှမ်း တစ်လှမ်း ဖြစ်ကြောင်း၊ ဘက်အသီးသီးတို့သည် စိတ်ရှည်ရှည် ထားပြီး ဇွဲမလျှော့ပဲ ကိုးရီးယား ကျွန်းဆွယ် ပြဿနာကို ဖြေရှင်းရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio