• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

1st CIIE (2018)ပြပွဲသည် အိမ်ရှင်တရုတ်အပြင် ပါဝင်သည့် နိုင်ငံအားလုံးအတွက်ပါ အကျိုးများနိုင်ဟု ဒေါ်ခင်မာအေးမှ သုံးသပ်ထား

(GMT+08:00) 2018-06-13 17:06:18

 

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ ကျင်းပမယ့် ပထမအကြိမ် ၂၀၁၈ တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲ (2018 China International Import Expo)ဟာ အိမ်ရှင်တရုတ်နိုင်ငံ အပါအ၀င် ပါဝင်ပြသကြတဲ့ နိုင်ငံအားလုံးအတွက်ပါ များစွာအကျိုးရှိမယ့် သွင်းကုန်ပြပွဲဖြစ် ကြောင်း ပီကင်းတက္ကသိုလ်မှာ စီးပွားရေးပြည်သူ့မူဝါဒရေးရာဘာသာရပ်ဖြင့် လာရောက် ပညာသင်ကြားနေတဲ့ မြန်မာနိုင်ငံ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ြ ကားရေးမှူး ဒေါ်ခင်မာအေးက သုံးသပ်ပြောဆိုထားပါတယ်။ အဆိုပါပြပွဲကိုတော့ လာမယ့် နိုဝင်ဘာလ (၅)ရက်နေ့ကနေ (၁၀)ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး ပြခန်းပေါင်း (၂၀၀၀) ကျော် ပါဝင်ပြသမှာဖြစ်ကြောင်း သိရပါတယ်။

ပြပွဲတွင် ကုန်သွယ်ရေးတိုးမြှင့်ဆောင်ရွက်ခြင်း (Trade Openning Up)၊ ကုန် သွယ်မှုနှင့် ဆန်းသစ်ပြောင်းလဲခြင်း(Trade and Innovation)၊ ကုန်သွယ်မှုနှင့်ရင်းနှီးမြှပ် နှံခြင်း(Trade and Investment )ဆိုပြီး Event (၃)မျိုးရှိပြီး ပြသမယ့်ကုန်ပစ္စည်းတွေအနေ နဲ့ အသိဥာဏ်နှင့် ခေတ်မီအဆင့်မြင့်ပစ္စည်းတွေ၊ အီလစ်ထရောနစ်ပစ္စည်းတွေ၊ အိမ်သုံး ပစ္စည်းတွေ၊ အ၀တ်အထည်တွေ၊ စားသောက်ကုန်တွေ၊ ဖုန်းနှင့်ဆက်စပ်ပစ္စည်းတွေ၊ အစား အစာနှင့်လယ်ယာထွက်ကုန်တွေ၊ ဆေးဝါးဆိုင်ရာပစ္စည်းတွေ၊ ဆေးနှင့်ကျန်းမာရေးစောင့် ရှောက်မှုတွေ၊  နောက် နည်းပညာအသစ်အဆန်းတွေ၊ ယဉ်ကျေးမှုတွေ၊ ပညာရေးနှင့်ခရီး သွားလုပ်ငန်းဝန်ဆောင်မှုစသဖြင့်ပါဝင်ပါတယ်။ ဒီပြပွဲမှာပါဝင်ပြသကြတဲ့နိုင်ငံတွေဟာ ဒီပြပွဲ ပလက်ဖောင်းကနေ သူတို့ရဲ့ကုန်ပစ္စည်းတွေကို တရုတ်နှင့် အခြားသောနိုင်ငံတွေကို ရောင်း ချနိုင်မှာဖြစ်ပါတယ်။

"ဒီပြပွဲမှာ မြန်မာနိုင်ငံအနေနဲ့ပါဝင်ပြသနိုင်ခဲ့မယ်ဆိုရင် တရုတ်ဈေးကွက်တင်မက ပြပွဲမှာပါဝင်မယ့် အခြားနိုင်ငံတွေကိုပါ ကုန်ပစ္စည်းအရည်အသွေးတွေ၊ ကုန်ပစ္စည်းအမှတ် တံဆိပ်တွေ၊ ကုန်ပစ္စည်းအမျိုးအမည်တွေကို ပြသနိုင်မှာဖြစ်ကြောင်း၊ အခြားနိုင်ငံပေါင်း (၁၀၀)ကျော်က လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံနိုင်မှာဖြစ်ကြောင်း၊ ဒါ့အပြင် တရုတ်ဈေးကွက်မှာ မြန်မာနိုင်ငံကကုန်ပစ္စည်းတွေကို ၀ယ်ယူသုံးစွဲနေသူတွေနဲ့ တိုက်ရိုက်တွေ့ဆုံနိုင်ပြီး ၀ယ်ယူ စားသုံးသူတွေရဲ့ ကြိုက်နှစ်သက်မှုအရှိဆုံး မြန်မာ့ပို့ကုန်တွေရဲ့အကြောင်းကို သိရှိခွင့်ရနိုင် ကြောင်း၊ ဈေးကွက်ကွန်ရက်(Market Network)ကိုလည်း ချဲ့ထွင်နိုင်မှာဖြစ်ကြောင်း" ပြပွဲ မှာ မြန်မာနိုင်ငံကပါဝင်ပြသခဲ့ပါကရရှိလာမယ့် အကျိုးကျေးဇူးတွေနှင့်ပတ်သက်ပြီး ဒေါ်ခင်မာအေးက ဆက်ပြီးပြောဆိုထားပါတယ်။

ဒီပြပွဲကို ပြုလုပ်ရန် ၂၀၁၇ခုနှစ်က တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က Belt& Road ဖိုရမ်မှာ ဆုံးဖြတ်ချက်ချပြောဆိုခဲ့တာဖြစ်ပြီး လွတ်လပ်စွာကုန်သွယ်ရေး တိုးမြှင့် ဆောင်ရွက်ခြင်း (Trade Openning Up)ပြုလုပ်နိုင်ဖို့အတွက် အဓိကရည်ရွယ်ပြီး ကျင်းပ တာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံအနေနဲ့  အဆိုပါသွင်းကုန်ပြပွဲကနေ ကမ္ဘာ့ကုန်သွယ်ရေးကြီးထွားလာမှုရဲ့ အကျိုးအမြတ်တွေကို မျှဝေခံစားခြင်း၊ Belt & Road အစီအစဉ်ကနေ စီးပွားရေးနှင့် ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်မှုတွေရဲ့ ဦးဆောင်မှုပေးနိုင် ခြင်း၊ ကမ္ဘာ့စီးပွားရေးကြီးထွားလာမှုမှာ နိုင်ငံတကာကုန်သွယ်မှုရဲ့မောင်းနှင်အားကို ကောင်း စွာအသုံး ပြုနိုင်ခြင်းနှင့်စီးပွား ရေးဂလိုဘယ်လိုက်ဇေးရှင်းရဲ့ထိန်းသိမ်းထားနိုင်မှု၊ ပါဝင်မှုနှင့် ကြံ့ခိုင်မှုတွေကို ထောက်ပံ့ပေးခြင်းစတာတွေရရှိဖို့ မျှော်လင့်ထားတယ်လို့သိရပါတယ်။

   Webradio