• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စင်ကာပူသည် ယူနန်ပြည်နယ်၌ အကြီးဆုံးရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံဖြစ်လာ

(GMT+08:00) 2018-06-13 15:13:16

စင်ကာပူနိုင်ငံတကာလုပ်ငန်းများဖွံ့ဖြိုးရေးဦးစီးဌါနတရုတ်ပြည်ရေးရာညွှန်ကြားရေးမှူးချုပ်ကြည့်ရွှမ်းက ၂၀၁၇ခုနှစ်နှစ်ကုန်အထိ စင်ကာပူလုပ်ငန်းများသည် တရုတ်ပြည်ယူနန်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုပမာဏစုစုပေါင်း အမေရိကန်ဒေါ်လာ ၆၈၅သန်းရှိပြီး စင်ကာပူနိုင်ငံသည် ယူနန်ပြည်နယ်၌ ရင်းနှီးမြှုပ်နှံမှုအများဆုံးသော နိုင်ငံဖြစ်လာပြီဖြစ်ကြောင်း   ယခုလ၁၂ရက်နေ့က  ကူမင်းမြို့၌ ထုတ်ဖော်ပြောကြား ခဲ့သည်ဟု တရုတ်သတင်းဌါနမှ သတင်းအရသိရပါသည်။   

ညွှန်ကြားရေးမှူးချုပ်ဟိုကြည့်ရွှမ်းက စင်ကာပူနိုင်ငံသည် အတိုင်းအတာကြီး ကုန်ပစ္စည်းရောင်းဝယ်ရေး၊ ကုန်စည်စီးဆင်းမှုနှင့် ငွေကြေးဥပဒေစသော နယ်ပယ်တွင် အားသာချက်ရှိ၍ စင်ကာပူနိုင်ငံသည် ယူနန်ပြည်နယ်မှလုပ်ငန်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုကို အားဖြည့်ဆောင်ရွက်ရန် မျှော်လင့်ကြောင်း ပြောကြားပါသည်။

   Webradio