• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၅ ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲ ဖွင့်လှစ်တော့မည်

(GMT+08:00) 2018-06-13 11:34:21

      ယခုလ ၁၂ ရက်နေ့ ညနေပိုင်းက ၅ ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲ၊ ၂၅ ကြိမ်မြောက်တရုတ်ကူမင်းသွင်းကုန်ပို့ကုန် ကုန်စည်ပြပွဲရေးရာ သတင်းစာရှင်းလင်းပွဲ ကို ကူမင်းတွင် ကျင်းပခဲ့ရာ၊ ၅ ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲ၊ ၂၅ ကြိမ် မြောက် ကူမင်းကုန်စည်ပြပွဲ အမှုဆောင်ကော်မရှင် ဥက္ကဋ္ဌ ကောင်ရှုရွှင်းသည်၊ ပြပွဲ သက်ဆိုင်ရာ အကြောင်းအရာများကို  ပြည်တွင်းပြည်ပသတင်းထောက်များအား ရှင်းလင်း ပြောကြားခဲ့သည့်အပြင်၊ ဇွန်လ ၁၄ ရက်နေ့တွင် ပထမ အကြိမ်မြောက် တရုတ်-တောင်အာရှ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကိုလည်း ကူမင်းမြို့တွင် ကျင်းပမည်ဖြစ် ကြောင်း ကြေညာခဲ့သည်ဟု စီအာအိုင်သတင်းအရသိရသည်။

ကုန်စည်ပြပွဲအတောအတွင်း ဒုတိယအကြိမ်မြောက် တရုတ်-အရှေ့ တောင်အာရှ ကုန်သွယ်ရေးဖိုရမ်၊ ၆ ကြိမ်မြောက်တရုတ်-တောင်အာရှ၊ အရှေ့တောင်အာရှ တတ်သိ ပညာရှင်များအဖွဲ့ဖိုရမ်အပါအဝင် အဓိကပြပွဲဆိုင်ရာ လှုပ်ရှားမှု ၁၆ ခု တို့ကို ကျင်းပမည်ဟု သတင်းအရသိရသည်။

   Webradio