• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြောက်ကိုးရီးယားနှင့် အမေရိကန် ခေါင်းဆောင်တို့ စင်ကာပူ၌ တွေ့ဆုံ

(GMT+08:00) 2018-06-13 09:31:05

မြောက်ကိုးရီးယား နိုင်ငံတော်ရေးရာ ကော်မတီ ဥက္ကဋ္ဌ ကင်ဂျုံအန်နှင့် အမေရိကန် သမ္မတ ထရန့်တို့သည် ယခုလ ၁၂ ရက်နေ့က စင်ကာပူ၌ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ် ခဲ့ကြောင်း၊ ယင်းသည် သမိုင်းတွင် နှစ်နိုင်ငံ ထိပ်သီး ခေါင်းဆောင်တို့၏ ပထမဆုံး အကြိမ် တွေ့ဆုံဆွေးနွေးခြင်း ဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် နှစ်ဖက်တို့သည် ပူးတွဲ စာတမ်းကို ချုပ်ဆို ခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

တွေ့ဆုံဆွေးနွေးပွဲကို ၁၂ ရက်နေ့ နံနက်ပိုင်းက စင်ကာပူ ကာပေလာ ဟိုတယ်၌ ကျင်းပ ခဲ့ခြင်း ဖြစ်ကြောင်း၊ ခေါင်းဆောင် နှစ်ဦးတို့ ၄၅ မိနစ်ကြာ သီးသန့် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ပြီးနောက် မိနစ် ၁၀၀ ခန့်ကြာ နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ဝင်များ ပါဝင်သော တိုးချဲ့ ဆွေးနွေးပွဲကိုလည်း ကျင်းပခဲ့ကြောင်း သတင်း ရရှိပါသည်။

ဒေသစံတော်ချိန် ညနေ ၁ နာရီ မိနစ် ၄၀ ခန့်တွင် ခေါင်းဆောင်နှစ်ဦးတို့သည် သတင်းထောက်များနှင့် တွေ့ဆုံရာ၌ ပူးတွဲစာတမ်း တစ်ရပ်ကို ချုပ်ဆိုမည် ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

ပူးတွဲစာတမ်းတွင်၊ နှစ်နိုင်ငံ ပြည်သူများ၏ ငြိမ်းချမ်းရေးနှင့် စည်ပင်သာယာရေး အပေါ် ဆန္ဒနှင့်အညီ အမေရိကန်-မြောက်ကိုးရီးယား ဆက်ဆံမှုသစ်ကို တည်ထောင်မည်ဟု နှစ်ဖက်တို့က ကတိပြုထားကြောင်း၊ အမေရိကန်နှင့် မြောက်ကိုးရီးယားတို့သည် ကိုးရီးယား ကျွန်းဆွယ်တွင် ရေရှည် တည်ငြိမ်သော ငြိမ်းချမ်းရေးစနစ် တည်ထောင်ရန် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း၊ မြောက်ကိုးရီးယားသည် ပန်မွန်ဂျွန် ကြေညာစာတမ်းကို ထပ်လောင်း အတည်ပြုပြီး ကိုးရီးယား ကျွန်းဆွယ် လုံးဝ နျူကလီးယား ကင်းမဲ့စေရန် ကြိုးပမ်းမည်ဟု ကတိပြုထားကြောင်း စသဖြင့် ဖေါ်ပြထားပါသည်။

၁၂ ရက်နေ့ညက ကင်ဂျုံအန်နှင့် ထရန့်တို့သည် စင်ကာပူမှ ရှေ့ဆင့်နောက်ဆင့် ပြန်လည် ထွက်ခွါသွားခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio