• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြောက်ကိုးရီးယားနှင့်အမေရိကန်ခေါင်းဆောင်တွေ့ဆုံခြင်းသည် ကိုးရီးယားကျွန်းဆွယ် နျူကလီးယားကင်းမဲ့စေရေး၊ ကိုးရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေးစနစ် တည်ထောင်ရေး အတွက် အနှစ်သာရရှိသော ခြေလှမ်းလှမ်းနိုင်ရန်တရုတ်မျှော်လင့်

(GMT+08:00) 2018-06-12 16:42:36

    တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက တရုတ်နိုင်ငံအနေနှင့် မြောက်ကိုးရီးယား၊အမေရိကန်ခေါင်းဆောင်များ အပြန်အလှန်ယုံကြည်မှုကို တည်ထောင်ပြီး အခက်အခဲများကို ကျော်လွှားကာ ကိုးရီးယားကျွန်းဆွယ်နျူကလီးယားကင်းမဲ့ စေရေး၊ ကိုးရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေးစနစ်တည်ထောင်ရေးတို့နှင့်ပတ်သက်၍ အခြေခံ သဘောတူညီချက်ရရှိပြီး အနှစ်သာရရှိသော ခြေလှမ်းလှမ်းနိုင်ရန် မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံအနေနှင့်လည်း အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်မည်ဖြစ်ကြောင်း ယနေ့ ၁၂ ရက်နေ့တွင် ဘေကျင်း၌ ပြောကြားသည်ဟု စီအာအိုင်သတင်းအရသိရသည်။

   Webradio