• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

G7 ပူးပေါင်းဆောင်ရွက်မှုသည်၊ ခေတ်ကာလ ရေစီးကြောင်းနှင့် လိုက်​လျော​ညီ​ထွေစေရန် တရုတ်မျှော်လင့်

(GMT+08:00) 2018-06-12 16:10:36

     တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကိန်စွမ်က၊ G7 ပူးပေါင်း ဆောင်ရွက်မှုသည်၊ ခေတ်ကာလရေစီးကြောင်းနှင့် လိုက်လျောညီထွေစေရန် မျှော်လင့် ကြောင်း ယခုလ ၁၁ ရက်နေ့က ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော် ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

ဆက်လက်၍ ကိန်စွမ်က G7 အဖွဲ့ဝင်နိုင်ငံများသည်၊ ကမ္ဘာပေါ်တွင် အရေးကြီးသော ဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်သဖြင့်၊ G7 အဖွဲ့ဝင်နိုင်ငံများအနေနှင့်၊ နိုင်ငံတကာငြိမ်းချမ်းမှုနှင့် လုံခြုံမှု ထိန်းသိမ်းရေး၊ နိုင်ငံအသီးသီးဖွံ့ဖြိုးမှုတွန်းအားပေးရေးအတွက် ထမ်းဆောင်သင့်သည့် တာဝန်များကို ထမ်းဆောင်ပြီး၊ ပြုလုပ်သင့်သည့် စွမ်းဆောင်မှုများကို ပြုလုပ် ဆောင်ရွက်ကာ၊ အပြုသဘော ဆောင်သော အခန်းကဏ္ဍမှ ပါဝင်နိုင်ကြရန် တရုတ်ပြည်က မျှော်လင့်ပါကြောင်း ပြောကြား ခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio