• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် ကုန်ထုတ်လုပ်မှု တန်ဖိုး ယွမ် တစ်သောင်းလျှင် စွမ်းအင် အသုံးပြုမှု ၂၀ ရာခိုင်နှုန်း လျော့နည်းလာ

(GMT+08:00) 2018-06-12 09:17:08

၂၈ ကြိမ်မြောက် တရုတ်ပြည် စွမ်းအင်ချွေတာရေး အသိပညာပေး သီတင်းပတ် လှုပ်ရှားမှုကို ယခုလ ၁၁ ရက်နေ့က စတင် ပြုလုပ်ခဲ့ကြောင်း၊ ယခုအကြိမ် လှုပ်ရှားမှု၏ ဆောင်ပုဒ်သည် စွမ်းအင် အသုံးပြုမှု လျှော့ချပြီး မိုးကောင်းကင်ပြာကို ထိန်းသိမ်းကာကွယ်ခြင်း ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် တရုတ်နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များက၊ လွန်ခဲ့သည့် ၅ နှစ်အတွင်း တရုတ်ပြည်တွင် ကုန်ထုတ်လုပ်မှု တန်ဖိုး ယွမ် တစ်သောင်းလျှင် စွမ်းအင် အသုံးပြုမှု ပမာဏမှာ ၂၀ ရာခိုင်နှုန်း လျော့နည်းလာခဲ့ပြီ ဖြစ်ပြီး ကျောက်မီးသွေး တန်ချိန် ၁ သိန်းကျော် ချွေတာနိုင်ခဲ့ကြောင်း၊ ကာဗွန်ဓါတ်ငွေ့ ထုတ်လွှတ်မှု မြန်ဆန်စွာ တိုးလာသည့် အခြေအနေကိုလည်း ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့ပါသည်။

   Webradio