• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ချင်းတောင် ထိပ်သီး အစည်းအဝေး ကျင်းပ

(GMT+08:00) 2018-06-10 13:35:19

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ချင်းတောင် ထိပ်သီး အစည်းအဝေးကို ယနေ့ ၁၀ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အစည်းအဝေးကို ကြီးမှူး ကျင်းပပြီး မိန့်ခွန်း ပြောကြားပါသည်။

ရှီကျင့်ဖိန်က၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ တည်ထောင်ခဲ့သည့် ၁၇ နှစ် အတွင်း အရေးကြီး တိုးတက်အောင်မြင်မှုများကို ရရှိခဲ့ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများသည် ဘက်မလိုက်၊ ရန်ငြိုးမထား၊ တတိယဘက်ကို မရည်စူးသော အပြုသဘော ဆောင်သော မိတ်ဖက် ဆက်ဆံမှုကို ထားရှိကြောင်း၊ ယင်းသည် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အသွင်ပုံစံသစ်ကို ဖန်တီးပေးပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် အကျိုး သက်ရောက်မှုသစ်ကို ပြုလုပ်လိုက်ကြောင်း ပြောကြားပါသည်။

ရှီကျင့်ဖိန်က၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သည် အမြဲ ရှင်သန်လာခြင်းနှင့် ပူးပေါင်းဆောင်ရွက်ရေး အင်အား ရှင်သန်လာခြင်း၏ အရင်းခံ အကြောင်းရင်းမှာ ရှန်ဟိုင်း စိတ်ဓါတ်ကို ဆန်းသစ် တင်ပြ ဖေါ်ဆောင်ခြင်းပင် ဖြစ်ကြောင်း၊ အပြန်အလှန် ယုံကြည်ရေး၊ အပြန်အလှန် အကျိုးရှိစေရေး၊ တန်းတူရည်တူ ဖြစ်ရေး၊ တိုင်ပင်ဆွေးနွေးရေး၊ ယဉ်ကျေးမှု မျိုးစုံ တည်ရှိခြင်းကို လေးစားရေး၊ အကျိုးတူ ဖွံ့ဖြိုးမှုကို ရှာကြံရေးတို့ကို တိုက်တွန်း နေကြပြီး နိုင်ငံတကာ မိသားစုကြီး၏ ကျယ်ပြန့်သော သဘောတူညီမှုကို ရရှိနေကြောင်း ပြောကြားပါသည်။

ရှီကျင့်ဖိန်က၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သည် ယနေ့ခေတ်တွင် အခက်အခဲများနှင့် အန္တရာယ် စိန်ခေါ်မှုများကို ရင်ဆိုင် ဖြေရှင်းလိုပါက ရှန်ဟိုင်း စိတ်ဓါတ်ကို တစ်ဆင့်တိုး ထွန်းကားအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သည် ဆန်းသစ်တီထွင်ပြီး ညှိနှိုင်းဆောင်ရွက်သော၊ မြတ်စိမ်းရောင် ဖြစ်ပြီး တံခါးဖွင့်သော၊ အတူမျှဝေ ခံစားကြသည့် ဖွံ့ဖြိုးရေး အတွေးအခေါ်ကို လှုံ့ဆော် တိုက်တွန်းရမည် ဖြစ်ကြောင်း၊ အတူ တိုင်ပင်ဆွေးနွေးပြီး အတူ မျှဝေခံစားသော နိုင်ငံတကာ စီမံခန့်ခွဲရေး အမြင်ကို စွဲကိုင်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

    ရှီကျင့်ဖိန်က၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ကံကြမ္မာ အသိုက်အဝန်း တည်ထောင်ရန်အတွက် လာမည့် သုံးနှစ်အတွင်း တရုတ်နိုင်ငံသည် ချင်းတောင်မြို့၌ တရုတ်- ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဒေသတွင်း စီးပွါးကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု စံပြဇုန်ကို ထားရှိခြင်း၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဘဏ် မူဘောင် အတွင်း တရုတ်ယွမ်ငွေ ဘီလီယံ ၃၀ တန်ဖိုးရှိ ဘဏ်ချေးငွေ သီးသန့် ထားခြင်း စသည့် ဆောင်ရွက်မှုများကို ပြုလုပ်မည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio