• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည်၊ ပူတင်နှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00) 2018-06-09 11:01:16

                                                                                                                                                                                   

     ယခုလ ၈ ရက်နေ့က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည်၊ ပီကင်းပြည်သူ့ ခန်းမဆောင်ကြီးတွင်    ရုရှားနိုင်ငံသမ္မတ ပူတင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ နှစ်ဦးနှစ်ဖက်တို့ သည်၊ ဘိုးစဉ်ဘောင်ဆက်ချစ်ကြည်ရေးအစဉ်အလာနှင့် မဟာဗျူဟာပူးပေါင်း ဆောင်ရွက်ရေး လိုရင်းဘောဖြင့် နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ နက်ရှိုင်းစေပြီး၊ ခေတ်ကာလသစ်အတွင်း အဆင့်မြင့်မားသော တရုတ်-ရုရှားဆက်ဆံမှု ပိုမိုကြီးမားစွာ ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေးရန် တညီညွတ်တည်းသဘောတူကြ ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းအဖွဲ့ဝင်၊ နိုင်ငံ တော်ကောင်စီ ဒု ဝန်ကြီးချုပ် ဟန်ကျိန့်သည်၊ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ၌ ပါဝင်ခဲ့သည်။

ထိုသို့တွေ့ဆုံဆွေးနွေးခဲ့ရာ၌၊ ဥက္ကဋ္ဌရှီကျင့်ဖိန်က၊ နှစ်ဦးနှစ်ဖက်တို့၏ အတူကြိုးပမ်းမှု ကြောင့်၊ လက်ရှိတရုတ်-ရုရှားနယ်ပယ်များမှ ပူးပေါင်းဆောင်ရွက်မှုများသည်၊ အရှိန်အဟုန် ကောင်းကောင်းဖြင့် တိုးတက်နေပြီး၊ အကျိုးစီးပွားတပြေးညီဖြစ်စေရေးသည်လည်း အဆက်မပြတ်နက်ရှိုင်းလာကာ၊ Belt and Road တည်ဆောက်ရေးသည်၊ ဥရောပ- အာရှ စီးပွားရေးမဟာမိတ်ဖွဲ့နှင့် ဆက်စပ်ရေးသည်၊ အရေးကြီးအစဦးပိုင်းအောင်ကျိုးရလဒ်ရရှိခဲ့ ကြောင်း ပြောကြားခဲ့သည်။

သမ္မတပူတင်ကလည်း၊ ရုရှား-တရုတ်ဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှုသည်၊ ရုရှားသံတမန်ရေးတွင် ဦးစားပေးသော ဦးတည်ချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်တို့သည်၊ တရုတ်-ရုရှားနယ်ပယ်အသီးသီးမှ ပူးပေါင်းဆောင်ရွက် ရေးကော်မရှင်များမှ တာဝန်ခံများနှင့် ၂ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့၏ သက်ဆိုင်ရာအကြောင်းရာတင်ပြစီရင်ခံမှုများကို နာကြားခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နှစ်နိုင်ငံခေါင်းဆောင်တို့သည်၊ (တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပြည်ထောင်စုရုရှားနိုင်ငံပူးတွဲကြေညာချက်)ကို အတူလက်မှတ်ရေးထိုးချုပ်ဆိုပြီး၊ ၂ ဖက် ပူးပေါင်းဆောင်ရွက်ရေးစာတမ်းများချုပ်ဆိုပွဲ၌ ပါဝင်သည့်အပြင်၊ ပြည်တွင်းပြည်ပ သတင်းထောက်များအား အတူတကွတွေ့ဆုံခဲ့ကြသည်ဟု သတင်းအရသိရသည်။

   Webradio