• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် ဂေဟစနစ် ထိန်းသိမ်းကာကွယ်ရေးကို အားဖြည့်နေ

(GMT+08:00) 2018-06-05 09:39:20

ဇွန်လ ၅ ရက်နေ့သည် ကမ္ဘာ့ ပတ်ဝန်းကျင်နေ့ ဖြစ်သည်။

ခေတ်သစ်တွင် ဂေဟစနစ် ထိန်းသိမ်းကာကွယ်ရေးကို အာမခံ ပေးရန်အတွက် တရုတ် ပြည်သူ့ တရားရုံးချုပ်သည် ယခုလ ၄ ရက်နေ့က စာတမ်း တစ်ရပ် ထုတ်ပြန်ပြီး၊ သဘာဝ ပတ်ဝန်းကျင် အရင်းအမြစ်ဆိုင်ရာ စီရင်ဆုံးဖြတ်ရေး စနစ် ပိုမို ပြည့်စုံ ကောင်းမွန် လာအောင် ဆောင်ရွက်ရမည်ဟု ဖေါ်ပြထားပါသည်။

အထက်ပါ စာတမ်းတွင်၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု ပြုပြင်ရေးနှင့် ကာကွယ်ရေးကို အာမခံပေးခြင်း၊ စီးပွါးရေး အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်မှုကို အားမခံပေးရေး၊ ဂေဟစနစ် ပြုပြင်ပြောင်းလဲမှုကို အာမခံပေးရေး အပါအဝင် နယ်ပယ် သုံးခု ပါဝင် ထားကြောင်း သိရပါသည်။

၂၀၁၇ ခုနှစ်တွင် တရုတ်ပြည် တစ်ပြည်လုံး တရားရုံးများတွင် ပတ်ဝန်းကျင် ဆိုင်ရာ အမှုပေါင်း ၃ သိန်း ၆ သောင်းကျော်ကို စုံစမ်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

   Webradio