• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကမ္ဘောဒီးယားတွင် တရုတ်ဘာသာစကား သင်ပြသော ဆရာ၊ ဆရာမများ မွေးထုတ်

(GMT+08:00) 2018-06-04 10:17:34

ယခု လောလောဆယ်တွင် ကမ္ဘောဒီးယားနိုင်ငံတွင် တရုတ်စကား သင်ကြား ပို့ချသော ဆရာ၊ ဆရာမများ ဖူဖူလုံလုံ မရှိသဖြင့် ယင်းနယ်ပယ်တွင် တရုတ်နှင့် ကမ္ဘောဒီးယားမှ သက်ဆိုင်ရာ အသင်းအဖွဲ့တို့သည် ပူးပေါင်းဆောင်ရွက်ပြီး ဒေသခံ တရုတ်ဘာသာစကား သင်ပြသော ဆရာ၊ ဆရာမများကို မွေးထုတ်နေပါသည်။

၁၉၉၀ ပြည့်နှစ်က တည်ထောင်ခဲ့သော ကမ္ဘောဒီးယား၊ တရုတ် ကောင်စီ အသင်းချုပ် ဥက္ကဋ္ဌ ဖမ်ရှောင်ရှင်က၊ ကောင်စီ အသင်းချုပ် တည်ထောင် ခဲ့သည့် နောက်ပိုင်း တရုတ် ဘာသာစကား သင်ကြားပို့ချရေးနှင့် တရုတ် ယဉ်ကျေးမှု ထွန်းအားရေးကို အလေးထား အားဖြည့် ဆောင်ရွက်ပြီး၊ ကမ္ဘောဒီးယားဘာသာနှင့် တရုတ်ဘာသာ ဆိုင်ရာ ကျွမ်းကျင်သူ များစွာကို မွေးထုတ်ပေးခဲ့ကြောင်း၊ ၄င်းတို့သည် တရုတ်နှင့် ကမ္ဘာဒီးယား လုပ်ငန်းနယ်ပယ် အသီးသီး၌ ပေါင်းကူးတံတား ဖြစ်လာပြီ ဖြစ်ကြောင်း ပြောကြားပါသည်။

နာမည်ကြီး ကမ္ဘောဒီးယား ဘုရင့် သုတေသနဌာန လက်အောက်ခံ ကွန်ဖြူးရှပ် တရုတ်ဘာသာစကား သင်ကျောင်းသည် တစ်ကမ္ဘာလုံးမှ စံပြ ကွနဖြူးရှပ် တရုတ်ဘာသာစကား သင်ကျောင်းများ အမည်စာရင်းတွင် ဝင်ခဲ့ပြီ ဖြစ်ပြီး၊ ကမ္ဘောဒီးယားနိုင်ငံတွင် တရုတ်ဘာသာစကား သင်ကြားသူ စုစုပေါင်း ၅ သောင်း ၃ ထောင်ကျော်ကို သင်ကြားပို့ချခဲ့ပါပြီဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

   Webradio