• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၇ ခုနှစ် တရုတ်ပြည် တစ်ပြည်လုံး လေထုနှင့် ရေ ပတ်ဝန်းကျင် တစ်ဆင့်တိုး ကောင်းမွန်လာ

(GMT+08:00) 2018-06-01 09:54:04

တရုတ် ဇီဝ ပတ်ဝန်းကျင် ဝန်ကြီးဌာနသည် မေလ ၃၁ ရက်နေ့က ကျင်းပသော ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင်၊ ၂၀၁၇ ခုနှစ် တရုတ်ပြည် ဇီဝ ပတ်ဝန်းကျင် အခြေအနေ ပြန်တမ်းကို ထုတ်ပြန်ခဲပါသည်။

 ယင်းပြန်တမ်းတွင်၊ ၂၀၁၇ ခုနှစ်တွင် တရုတ်ပြည် တစ်ပြည်လုံး လေထုနှင့်ရေ ပတ်ဝန်းကျင် တစ်ဆင့်တိုး ကောင်းမွန်လာပြီ ဖြစ်ကြောင်း၊ မြေဆီလွှာ ပတ်ဝန်းကျင် ဆိုင်ရာ အန္တရာယ်များ ထိန်းချုပ်ရေးတွင် တိုးတက်မှု အသင့်အတင့် ရရှိပြီ ဖြစ်ကြောင်း၊ ဂေဟစနစ် အခြေခံအားဖြင့် ပုံမှန် တည်ငြိမ်ပါကြောင်း ရေးသားဖေါ်ပြထားပါသည်။

သတင်းစာရှင်းလင်းပွဲတွင်၊ တရုတ် ဇီဝ ပတ်ဝန်းကျင် ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျူယိုပင်းက၊ အနာဂတ်တွင် ပတ်ဝန်းကျင် အရည်အသွေး တိုင်းတာရေးနှင့် ပတ်ဝန်းကျင် ဆိုင်ရာ ပြစ်မှုကျူးလွန်မှုများ အရေးယူမှုများကို အားဖြည့် ဆောင်ရွက်မည် ဖြစ်ပြီး ပတ်ဝန်းကျင် အရည်အသွေး တစ်ဆင့်ကိုး ကောင်းမွန်လာအောင် ကြိုးပမ်းမည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio