• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရားမျှတစွာ ဥပဒေ ကျင့်သုံးပြီး ပြည်သူပြည်သားများအား အကျိုးဆောင်ပေး

(GMT+08:00) 2018-05-31 09:40:19

လွန်ခဲ့သည့်နှစ်များအတွင်း တရုတ်ပြည် တရားဥပဒေ ဘက်စုံ ဇောက်ချ ပြုလုပ်ရေး လုပ်ငန်းကို နက်ရှိုင်းစွာ ဆောင်ရွက်နေပါသည်။ တရားမျှတစွာ ဥပဒေ ကျင့်သုံးခြင်းသည် တရုတ်ပြည် ဥပဒေ စိုးမိုးရေးတွင် အရေးကြီး အကြောင်းအရာ တစ်ရပ်ပင် ဖြစ်ပါသည်။

ချင်ဆန်ယိသည် ပီကင်းမြို့ လူနေရပ်ကွက် တရားခုံရုံးမှ အောက်ခြေခံ တရားသူကြီး တစ်ဦး ဖြစ်သည်။ လွန်ခဲ့သည့် ၁၀ နှစ်ကျော်အတွင်း ၄င်းသည် ပညာ မူပိုင်ခွင့်ဆိုင်ရာ မှုခင်းများကို စုံစမ်းစစ်ဆေးသည့်အပြင် အရပ်သူအရပ်သားများအတွက် အိမ်နီးနားချင်း ဆိုင်ရာ အငြင်းပွါးမှု ကိစ္စရပ်များကိုလည်း ဖြေရှင်းပေးခဲ့ဖူးသည်။ ချင်ဆန်ယိက၊ တရား သူကြီး တစ်ဦး အနေနှင့် ပြည်သူလူထုများကို နယ်ပယ် အရပ်ရပ်၌ တရားမျှတမှုကို ခံစား စေရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

လွန်ခဲ့သည့်နှစ်များတွင် တရုတ်နိုင်ငံတွင် မှားယွင်း ဆုံးဖြတ်ခဲ့သော မှုခင်းကြီး တော်တော်များများကို ပြန်လည် စိစစ်ပြီး မှန်ကန်စွာ ပြန်လည် စီရင်ဆုံးဖြတ်ခဲ့ပါသည်။ ယင်းနှင့် ပတ်သက်ပြီး တရုတ် ပြည်သူ့ တရားရုံးချုပ် အမှတ်-၄ တရားမ ခုံရုံးမှ တရားသူကြီး ကောရှောင်လိက၊ အထောက်အထားအရ စီရင် ဆုံးဖြတ်ရေးမူသည် ရာဇဝတ်မှု တရားစွပ်စွဲရေး စနစ် ပြုပြင်ပြောင်းလဲမှု၏ အရေးကြီး အကြောင်းအရာ တစ်ရပ် ဖြစ်ပြီး ပြည်သူ့တရားရုံးသည် ယင်းမူကို စွဲကိုင်မည် ဖြစ်၍ ရာဇဝတ်မှုတိုင်းကို တရားနည်းလမ်း ကျကျ စီရင် ဆုံးဖြတ်နိုင်ရန် အာမခံပေးမည်ဟု ပြောကြားပါသည်။

   Webradio