• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် လုပ်ငန်းကုမ္ပဏီများသည် ဒေတာ လုံခြုံမှုကို တက်ကြွစွာ ထိန်းသိမ်းကာကွယ်နေ

(GMT+08:00) 2018-05-28 09:18:05

ဥရောပသမဂ္ဂ သမိုင်းတွင် အတင်းကျပ်ဆုံးသော အင်တာနက် ဒေတာ စီမံအုပ်ချုပ်ရေး စည်းမျဉ်းဥပဒေ ဖြစ်သည့် ဂျင်နရယ် ဒေတာ ထိန်းသိမ်းကာကွယ်ရေး စည်းမျဉ်းဥပဒေ GDPR သည် ယခုလ ၂၅ ရက်နေ့တွင် တရားဝင် စတင် အာဏာတည်ခဲ့ပါသည်။ ယင်းနှင့် ပတ်သက်ပြီး တရုတ် ခိုတာ့ကိုချွမ့် ဆော့ဖ်ဝဲယား ကုမ္ပဏီမှ ဈေးကွက်နှင့် ဖြန့်ဖြူးမှု စီမံခန့်ခွဲရေး မန်နေဂျာချုပ် ကျန်ယုံက၊ ဘစ်ဂ် ဒေတာ လုပ်ငန်း နက်ရှိုင်းစွာ ဖွံ့ဖြိုး တိုးတက် လာသည် နှင့်အမျှ ဒေတာ လုံခြုံမှုသည် တစ်နေ့ထက်တစ်နေ့ အရေးကြီးလာပြီ ဖြစ်ကြောင်း၊ ယခုနှစ်များအတွင်း မိမိတို့ ကုမ္ပဏီသည် ဒေတာ လုံခြုံမှု ထိန်းသိမ်းရန်အတွက် ငွေရင်း များစွာ ထုတ်ပေးခဲ့ကြောင်း ပြောကြားပါသည်။

တရုတ် သတင်းအချက်အလက် နည်းပညာ သုတေသနဌာန အင်တာနက် ဥပဒေ သုတေသနရုံးမှ ဒုဥက္ကဋ္ဌ ဖမ်ယူက၊ တရုတ်နှင့် ဥရောပသမဂ္ဂတို့၏ ဒစ်ဂျစ်တယ် စီးပွါးရေး ဖွံ့ဖြိုးမှု အဆင့်ကာလ မတူခြားနား ဖြစ်နေသဖြင့် ဒစ်ဂျစ်တယ် လုံခြုံမှု ထိန်းသိမ်းရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြုးတိုးတက်ရေးကို တပြိုင်တည်း တွန်းအားပေးသင့်ကြောင်း တိုက်တွန်း ပါသည်။

   Webradio