• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာနိုင်ငံရခိုင်ပြည်နယ်မှထွက်ခွာသောအရပ်သူအရပ်သားများ နေအိမ်ကို ပြန်လည်ရောက်ရှိသောလမ်းကြောင်း

(GMT+08:00) 2018-05-27 11:55:19

     မြန်မာနိုင်ငံရခိုင်ပြည်နယ်တွင် လက်နက်ကိုင်အချင်းပွားမှုကြောင့်  ဒေသခံ မူစလင်လူမျိုး အများအပြားတို့သည် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ ပြီး ၄င်းတို့ နေအိမ်ကို ပြန်လည်ရောက်ရှိရေးပြဿနာသည် ယခုတလော နိုင်ငံတကာမိသားစုကြီးမှ ဂရုစိုက်မှု ခံခဲ့ရသည်။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတို့သည် ယခုနှစ်ဇန်နဝါရီလတွင် သဘောတူညီချက်ရရှိပြီး  မြန်မာပြည်မှ ထွက်ခွာသော အရပ်သူအရပ်သားများ နေအိမ်ကို ပြန်လည်ရောက်ရှိရေးလုပ်ငန်းကို ၂ နှစ်အတွင်း ပြီးအောင် ဆောင်ရွက်မည်ဟု သတ်မှတ်ခဲ့သော်လည်း ခုချိန်အထိ ထွက်ခွာသွားသော အရပ်သူအရပ်သား ၅ ဦးသာ မြန်မာပြည်သို့ ပြန်လည်ရောက်ရှိပြီး ပြန်လည်ရောက်ရှိရေး လုပ်ငန်းဆောင်ရွက်ရသည်မှာ နှေးကွေးသောကြောင့် ဝေဖန်ချက်တစ်ချို့ခံခဲ့ရသည်။

    ရခိုင်ပြည်နယ်အခြေအနေနှင့် မြန်မာပြည်ဘက်က ပြန်လည်ရောက်ရှိသော အရပ်သူအရပ်သား လက်ခံရေးလုပ်ငန်းဆိုင်ရာ တိုးတက်မှုကို သိရှိနားလည်ရန် မြန်မာနိုင်ငံအစိုးရသည် မကြာခင်က နိုင်ငံတကာမီဒီယာကို ဖွဲ့စည်းပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသသို့ လက်တွေ့ကျ လေ့လာကြည့်ရှုခဲ့သည်။

   Webradio