• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-မြန်မာစီးပွားရေးပူးပေါင်းဆောင်ရွက်မှုအလားအလာကောင်းမွန်

(GMT+08:00) 2018-05-27 10:50:14

     တရုတ်-အာဆီယံကုန်သွယ်ရေးကောင်စီမှ အမှုဆောင်ဥက္ကဋ္ဌ ရွှီနင်နင်သည် မကြာခင်က မြန်မာနိုင်ငံ၌ စီအာအိုင်သတင်းထောက်နှင့် တွေ့ဆုံရာတွင် တရုတ်နှင့် မြန်မာ နိုင်ငံအပါအဝင် အာဆီယံနိုင်ငံများအကြား ကြီးမားသော ပူးပေါင်းဆောင်ရွက်ရေး ကိန်းဝပ် စွမ်းအားရှိပြီး နှစ်ဖက်တို့သည် Belt & Road နှင့် တရုတ်-အာဆီယံလွတ်လပ်သော ကုန်သွယ်ရေးဇုန် စသည့်ဘောင်အတွင်း လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အဆက် မပြတ် တိုးမြှင့်သင့်ကြောင်း ပြောကြားသည်။

    တရုတ်-မြန်မာစီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် မကြာခင်က ရွှီနင်နင် သည် ရန်ကုန်မြို့၌ မြန်မာပြပွဲနှင့်အစည်းအဝေးအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးသန့် နှင့် နားလည်မှု စာချွန်လွှာ ချုပ်ဆိုခဲ့သည်ဟုသိရသည်။

   Webradio