• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၈ တရုတ်နိုင်ငံတကာ big data လုပ်ငန်းကုန်စည်ပြပွဲသို့ ရှီကျင့်ဖိန်ဂုဏ်ပြုသဝဏ်လွှာ ပေးပို့

(GMT+08:00) 2018-05-27 10:04:01

      ၂၀၁၈ခုနှစ် တရုတ်နိုင်ငံတကာ big data လုပ်ငန်းကုန်စည်ပြပွဲကို ယမန်နေ့ ၂၆ ရက်နေ့က ကွေ့ကျိုးပြည်နယ် ကွေ့ယန်မြို့၌ ဖွင့်လှစ်ခဲ့ပြီး တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန် သည် ကုန်စည်ပြပွဲသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

     ရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေနှင့် big data ဖွံ့ဖြိုးရေးကို လွန်စွာ အလေးထားကြောင်း၊ ကုန်စည်ပြပွဲသို့ တက်ရောက်သော ကိုယ်စားလှယ်နှင့် ဧည့်သည်တော်အသီးသီးတို့အား ကုန်စည်ပြပွဲ၏ ဆောင်ပုဒ်နှင့်ပတ်သက်ပြီး နက်ရှိုင်းစွာ ဆွေးနွေးဖလှယ်ကာ big data လုပ်ငန်း ဆန်းသစ်ဖွံ့ဖြိုးရေးကို အတူတွန်းအားပေးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားသည်။

   Webradio