• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စိန်ပီတာဘာဂ် နိုင်ငံတကာ စီးပွါးရေးဖိုရမ် စုံညီ အစည်းအဝေး ကျင်းပ

(GMT+08:00) 2018-05-26 09:35:44

၂၂ ကြိမ်မြောက် စိန်ပီတာဘာဂ် နိုင်ငံတကာ စီးပွါးရေးဖိုရမ်ကို ယခုလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပနေပြီး ယခုအကြိမ် ဖိုရမ်၏ ဆောင်ပုဒ်သည် ယုံကြည်အားထားရသော စီးပွါးရေးကို ထူထောင်ခြင်း ဖြစ်သည်။

ဖိုရမ်၏ မျက်နှာစုံညီ အစည်းအဝေးကို ၂၅ ရက်နေ့က ကျင်းပခဲ့ရာ၊ ရုရှား သမ္မတ ပူတင်၊ ပြင်သစ် သမ္မတ မာကရွန်၊ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ ကမ္ဘာ့ရန်ပုံငွေအဖွဲ့ ဒါရိုက်တာချုပ် လာဂါဒေနှင့် တရုတ် နိုင်ငံတော် ဒုဥက္ကဋ္ဌ ဝမ်ချီစမ်းတို့ အစည်းအဝေး တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ကြပါသည်။

ဝမ်ချီစမ်းသည် ယုံကြည်မှု တိုးမြှင့်ပြီး၊ လက်တွဲ ပူးပေါင်းဆောင်ရွက်ကာ၊ အကျိုးတူ ဖွံ့ဖြိုးတိုးတက်ခြင်း ခေါင်းစဉ်ဖြင့် ဖိုရမ်၌ မိန့်ခွန်း ပြောကြားခဲ့ပါသည်။

   Webradio