• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အီရန် နျူကလီးယား ပြဿနာဆိုင်ရာ ဘက်စုံ သဘောတူစာချုပ် ထိန်းသိမ်း ကျင့်သုံးရေး အတွက် တရုတ် ဆက်လက် ကြိုးပမ်းမည်

(GMT+08:00) 2018-05-26 09:24:24

တရုတ်၊ ရုရှား၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီနှင့် အီရန် နိုင်ငံတို့သည် ယခုလ ၂၅ ရက်နေ့က ဗီယင်နာမြို့၌ အီရန် နျူကလီးယား ပြဿနာဆိုင်ရာ ဘက်စုံ သဘောတူစာချုပ် ပူးတွဲ ကော်မတီ နဝမ အကြိမ် အစည်းအဝေးကို ကျင်းပပြီး အမေရိကန်က စာချုပ်မှ ထွက်ခွါခြင်း၏ ဂယက်ရိုက်ခတ်မှုနှင့် အနာဂတ် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း၊ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန လက်နက် ထိန်းချုပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဝမ်ချွင်သည် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ဝမ်ချွင်က၊ တရုတ်နိုင်ငံသည် ဘက်စုံ သဘောတူစာချုပ် ထိန်းသိမ်းရေးနှင့် ကျင့်သုံးရေးအတွက် ဆက်လက် ကြိုးပမ်းမည် ဖြစ်ပြီး ယင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာတို့နှင့် အားဖြည့် ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြောကြားပါသည်။

   Webradio