• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြောက်ကိုးရီးယားနှင့် အမေရိကန်တို့ အပြုသဘောဆောင်သော တိုးတက်မှုကို တန်ဘိုးထားပြီး အပြန်အလှန် စိတ်ရင်းစေတနာ အချက်ပြရန် မျှော်လင့်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို

(GMT+08:00) 2018-05-26 08:58:01

အမေရိကန် သမ္မတ ထရန့်က အမေရိကန်-မြောက်ကိုးရီးယား ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲကို ဖျက်သိမ်းသည်ဟု ကြေညာခဲ့ခြင်းနှင့် ပတ်သက်ပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူခမ်းက၊ မြောက်ကိုးရီးယားနှင့် အမေရိကန်တို့ အနေနှင့် အပြုသဘောဆောင်သော တိုးတက်မှုကို တန်ဘိုးထားပြီး စိတ်ရှည်ရှည် ထားကာ၊ အပြန်အလှန် စိတ်ရင်းစေတနာ အချက်ပြ၍၊ တူညီသော ဦးတည်ချက်အတိုင်း ဆောင်ရွက်ကြရန် မျှော်လင့်ကြောင်း ယခုလ ၂၅ ရက်နေ့က ကျင်းပသော ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

   Webradio