• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဥရောပသမဂ္ဂမှ အတင်းကျပ်ဆုံးသော ဒေတာ ထိန်းသိမ်းကာကွယ်ရေးစည်းမျဉ်း စတင် ကျင့်သုံး

(GMT+08:00) 2018-05-26 08:38:35
ဥရောပသမဂ္ဂ၏ ကော်မွန် ဒေတာ ထိန်းသိမ်းကာကွယ်ရေး စည်းမျဉ်းဥပဒေသည် ယခုလ ၂၅ ရက်နေ့မှ စတင် အာဏာတည်ပြီ ဖြစ်ကြောင်း၊ ယင်းစည်းမျဉ်းဥပဒေသည် ဥရောပသမဂ္ဂမှ အင်တာနက် သုံးသူ အားလုံး၏ ဒေတာ လျှို့ဝှက်မှုများကို ဘက်စုံ အားဖြည့် ထိန်းသိမ်းကာကွယ်မည် ဖြစ်ကြောင်း သိရပါသည်။
တရုတ် အီလက်ထရွန် သိပံ္ပနည်းပညာ ကုမ္ပဏီအုပ်စု အင်တာနက် လုံခြုံမှု ထိပ်တန်း ပါရဂူ ဒေါက်တာ တုံကွေ့ရှမ်းက၊ ဥရောပသမဂ္ဂ၏ တင်းကျပ်သော ဒေတာ ထိန်းသိမ်းရေး စည်းမျဉ်းသစ်သည် တစ်ကမ္ဘာလုံးဆိုင်ရာ ဂယက်ရိုက်ခတ်မှု ဖြစ်စေမည် ဖြစ်သော်လည်း ဘေးအန္တရာယ် ဖြစ်စေမည်မူ မဟုတ်ကြောင်း၊ ဘစ်ဂ် ဒေတာကို အရေးကြီး ဖွံ့ဖြိုးရေး မဟာဗျူဟာအဖြစ် ထားသော တရုတ်နိုင်ငံသည် ဒေတာ ထိန်းသိမ်းကာကွယ်ရေး မူဝါဒနှင့် စံနှုန်းများကို ပိုမို မြန်ဆန်စွာ ချမှတ် ထုတ်ပြန်မည်ဟု ခန့်မှန်းရကြောင်း ပြောကြားပါသည်။
   Webradio