• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် လွတ်လပ်သောကုန်သွယ်ရေးဇုန် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး ဇောက်ချ ပြုလုပ်မည်

(GMT+08:00) 2018-05-25 09:08:18

တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီးလက်ထောက် ရင့်ဟုန်ပင်က၊ မကြာမီက တရုတ် နိုင်ငံတော်ကောင်စီသည် ကွမ်တုံး၊ ထျဲန်းကျင်း၊ ဖူကျဲန့် လွတ်လပ်စွာ ကုန်သွယ်ရေး စမ်းသပ်ဇုန်များ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး စီမံကိန်း ၃ ရပ်ကို ထုတ်ပြန်ခဲ့ကြောင်း ယခုလ ၂၄ ရက်နေ့က ပီကင်း၌ ပြောကြားခဲ့ပါသည်။

ထို့ပြင် ဈေးကွက်ဝင်ခွင့်စနစ် ပိုမို ချောင်လည်အောင် ဆောင်ရွက်နိုင်ရန်အတွက် တရုတ် အရာရှိများသည် ငွေကြေး တံခါးဖွင့်ရေးလုပ်ငန်းကို တိုးချဲ့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက အကြိမ်ကြိမ် အလေးထား ပြောဆိုခဲ့ကြပါသည်။

ကုန်သွယ်ရေး ဝန်ကြီးဌာန နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ထမ်ဝင်ဟုန်က၊ လက်ရှိ အချိန်တွင် ကုန်သွယ်ရေး ဝန်ကြီးဌာနသည် တစ်ပြည်လုံး၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု Negative list စာရင်းဇယားနှင့် လွတ်လပ်သော ကုန်သွယ်ရေး စမ်းသပ်ဇုန်၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု Negative list စာရင်းဇယား ရေးဆွဲရေး လုပ်ငန်းကို စနစ်တကျ တွန်းအားပေး လုပ်ဆောင် နေကြောင်း ၂၄ ရက်နေ့က ပြောကြားခဲ့ပါသည်။

   Webradio