• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်၏ ပေတို အမှတ်-၃ လမ်းပြစနစ် ကွန်ရက် ဖြစ်တည်လာ

(GMT+08:00) 2018-05-24 09:21:51

နဝမ အကြိမ်မြောက် တရုတ် ဂြိုဟ်တု လမ်းပြစနစ် သုတေသန နှစ်ပတ်လည် အစည်းအဝေးကို ယခုလ ၂၃ ရက်နေ့က ဟေလုံကျန် ပြည်နယ် ဟာရ်ပင် မြို့၌ ဖွင့်လှစ် ခဲ့ကြောင်း၊ အစည်းအဝေးမှ သတင်းအရ၊ တရုတ်ပြည်၏ ပေတို အမှတ်-၃ ဂြိုဟ်တု လမ်းပြ စနစ် အရ တစ်ကမ္ဘာလုံးတွင် ဂြိုဟ်တု ၈ စင်းကို လွှတ်တင်ပြီ ဖြစ်ပြီး ကွန်ရက် ဖြစ်တည် လာပြီ ဖြစ်ကြောင်း၊ အစည်းအဝေး တက်ရောက်သော အမေရိကန်မှ ကိုယ်စားလှယ်များသည် တရုတ်ပြည်ဘက်နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ပြီး နိုင်ငံတကာ ဂြိုဟ်တုလမ်းပြစနစ် ဖွံ့ဖြိုးမှုကို တွန်းအားပေးရန် ဆန္ဒကို ဖေါ်ပြခဲ့ကြကြောင်း သတင်းရရှိပါသည်။

တရုတ် ဂြိုဟ်တု လမ်းပြစနစ် စီမံအုပ်ချုပ်ရေးရုံး ဥက္ကဋ္ဌ ရမ်ချင်ချီက ဖွင့်ပွဲအခမ်းအနားတွင် အစီရင်ခံစာ တင်ပြရာ၌၊ ပေတို အမှတ်-၂ စနစ် ပုံမှန် အသုံးပြု လည်ပတ်ခြင်းမှာ ၅ နှစ်ခွဲ ရှိပြီ ဖြစ်ပြီး ဝန်ဆောင်မှု ပြတ်တောက်ခြင်း တစ်စုံတစ်ခု ဖြစ်ပွါးခြင်း မရှိကြောင်း၊ လာမည့် နှစ်နှစ်အတွင်း ပေတို အမှတ်-၂ ဂြိုဟ်တု နောက်ထပ် နှစ်လုံးကို လွှတ်တင်မည် ဖြစ်ပြီး ဝန်ဆောင်မှု အရည်အသွေးလည်း တိုးမြင့်သွားမည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio