• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် ဇီဝမျိုးစုံ တည်ရှိရေး စာချုပ်ပါ ရည်မှန်းချက်များကို လျာထားချိန်သည်ထက် စောပြီး အကောင်အထည်ဖေါ်

(GMT+08:00) 2018-05-23 09:24:43

မေလ ၂၂ ရက်နေ့သည် ၂၅ ကြိမ်မြောက် နိုင်ငံတကာ ဇီဝမျိုးစုံ တည်ရှိရေးနေ့ ဖြစ်သည်။ ဇီဝမျိုးစုံ တည်ရှိရေး စာချုပ်တွင် အစောဆုံး ပါဝင်သော နိုင်ငံ တစ်နိုင်ငံ အဖြစ်ဖြင့် တရုတ် နိုင်ငံတွင် ကုန်းတွင်းပိုင်း သတ္တဝါ ထိန်းသိမ်းကာကွယ်ရေးဇုန်အမျိုးမျိုး အကျယ်အဝန်းမှာ စတုရန်းကီလိုမီတာ ၁၇ သိန်းကျော် ရှိနေပါပြီ။ ယင်းသည် နိုင်ငံတော် နယ်မြေ စုစုပေါင်း ဧရိယာ၏ ၁၈ ရာခိုင်နှုန်းခန့် ရှိပြီး ဇီဝမျိုးစုံ တည်ရှိရေး စာချုပ်ပါ ရည်မှန်းချက်များကို လျာထားချိန်ထက် စောပြီး အကောင်အထည်ဖေါ်နေပါပြီ။

ပီကင်း၌ ကျင်းပသော သက်ဆိုင်ရာ လှုပ်ရှားမှုတွင် တရုတ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဟွမ်ရင်ချူက၊ တရုတ်နိုင်ငံတွင် ပန်ဒါဝက်ဝံ၊ အရှေ့မြောက်ပိုင်းဒေသမှ ကျား၊ ရှီးဇန့်နယ်မှ ဂယ်ဇလီတောဆိတ် အပါအဝင် မျိုးသုန်းလုနီး ဖြစ်နေသည့် တောရိုင်း တိရစ္ဆာန်များ မှန်မှန် တိုးများလာနေကြောင်း၊ တရုတ်နိုင်ငံသည် သဘာဝ ဂေဟစနစ် ထိန်းသိမ်းရေး စင်္ကြံများနှင့် ဇီဝမျိုးစုံ တည်ရှိမှု ထိန်းသိမ်းရေး ကွန်ရက်များကို တည်ထောင်မည် ဖြစ်ပြီး ဇီဝမျိုးစုံ တည်ရှိမှု ထိန်းသိမ်းရေးနှင့် ကြပ်မတ်ရေးများကို အားဖြည့်ဆောင်ရွက်မည် ဖြစ်ောကာင်း ပြောကြားပါသည်။

တရုတ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် တရုတ် သိပ္ပံပညာ တံခွန် အသင်းကြီးတို့သည် "တရုတ်ပြည် ဇီဝမျိုးစုံတည်ရှိရေး အနီရောင် အမည်စာရင်း -- မှိုမျိုး" နှင့် "၂၀၁၈ ခုနှစ် တရုတ် သတ္တဝါများ အမည်စာရင်း" ကိုလည်း ပူးတွဲ ထုတ်ပြန်ခဲ့ကြပါသည်။ (ဘာသာပြန် မေကြော့ရှင်း)

   Webradio