• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် အီရန် နျူကလီးယား ပြဿနာဆိုင်ရာ ဘက်စုံ သဘောတူစာချုပ် ထိန်းသိမ်း ကျင့်သုံးရေးအတွက် ဆက်လက် ကြိုးပမ်းမည်

(GMT+08:00) 2018-05-22 09:18:16

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူခမ်းက၊ တရုတ် နိုင်ငံသည် အီရန် နျူကလီးယား ပြဿနာဆိုင်ရာ ဘက်စုံ သဘောတူစာချုပ် ပူးတွဲ ကော်မတီ အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဘက်စုံ သဘောတူစာချုပ် ထိန်းသိမ်းရေးနှင့် ကျင့်သုံးရေးအတွက် ဆက်လက် ကြိုးပမ်းမည် ဖြစ်ကြောင်း ယခုလ ၂၁ ရက်နေ့က အတည်ပြု ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

အီရန်၊ တရုတ်၊ ရုရှား၊ ပြင်သစ်၊ ဂျာမဏီနှင့် ဗြိတိန်တို့သည် ၂၅ ရက်နေ့တွင် အီရန် နျူကလီးယား ပြဿနာဆိုင်ရာ ဘက်စုံ သဘောတူစာချုပ် ပူးတွဲကော်မတီ အစည်းအဝေးကို ကျင်းပမည် ဖြစ်ကြောင်း သိရပါသည်။ (ဘာသာပြန် မေကြော့ရှင်း)

   Webradio