• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ချွဲ့ချောင် ဂြိုဟ်တု လွှတ်တင်ခြင်းသည် လကမ္ဘာစူးစမ်းရေးကို အထောက်အကူ ပြုမည်

(GMT+08:00) 2018-05-22 09:15:57

ယခုလ ၂၁ ရက်နေ့ နံနက် ၅ နာရီ ၂၈ မိနစ်တွင် လူသား၏ ပထမဆုံးသော TDRSS ဂြိုဟ်တု ဖြစ်သည့် ချွဲ့ချောင် ဂြိုဟ်တုကို တရုတ် ရှီးချမ်း ဂြိုဟ်တု လွှတ်တင်ရေး စခန်း၌ လောင်းမတ်ခ်ျ အမှတ်-၄ (ဂ) သယ်ဆောင်ဒုံးပျံဖြင့် အောင်မြင်စွာ လွှတ်တင်ခဲ့ပါသည်။

ချွဲ့ချောင် TDRSS ဂြိုဟ်တုကို တရုတ် အာကာသ သိပံ္ပနည်းပညာ ကုမ္ပဏီအုပ်စု အာကာသနည်းပညာ သုတေသနဌာနက သုတေသနပြု ထုတ်လုပ်ခြင်း ဖြစ်ပြီး ဂြိုဟ်တု ပေါ်တွင် လက်ရှိအချိန်တွင် လူသား၏ အာကာသ စူးစမ်းရေး သမိုင်းတွင် အချင်း အကြီးဆုံးသော ဆက်သွယ်ရေး ဓါတ်လှိုင်းကြိုး တပ်ဆင်ထားသည်။ ချွဲ့ချောင် TDRSS ဂြိုဟ်တု လွှတ်တင်ခြင်းသည် ချန်အို အမှတ်-၄ လကမ္ဘာ စူးစမ်း လေ့လာရေးယာဉ်၏ လကမ္ဘာ စူးစမ်းလေ့လာရေး လုပ်ငန်းတာဝန်ဆိုင်ရာ ပထမဆုံးအကြိမ် လွှတ်တင်ခြင်း ဖြစ်ပြီး အနာဂတ်တွင် တရုတ်နိုင်ငံသည် ချန်အို အမှတ်-၄ လကမ္ဘာစူးစမ်းရေးယာဉ်ဖြင့် လကမ္ဘာ၏ ကျော်ဘက်တွင် ညင်သာစွာ ဆင်းသက်မည့်အပြင် လကမ္ဘာ မြေပြင်ပေါ်၌လည်း လှည့်လည် စူးစမ်းမည် ဖြစ်ပါသည်။

တရုတ်လို ချွဲ့ချောင် ဟူသည်မှာ ပေါင်းကူးတံတားဟု အဓိပ္ပါယ် သက်ရောက်ပါသည်။ ချွဲ့ချောင် TDRSS ဂြိုဟ်တုသည် ကမ္ဘာလုံးနှင့် လကမ္ဘာကြားတွင် ပေါင်းကူးတံတားလို စူးစမ်းရေးယာဉ်နှင့် ကမ္ဘာလုံး၏ ဆက်သွယ်ရေး တာဝန်ကို ထမ်းဆောင်မှာ ဖြစ်ပါသည်။ (ဘာသာပြန် မေကြော့ရှင်း)

   Webradio