• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၈ခုနှစ်တစ်နိုင်ငံလုံး စားနပ်ရိက္ခာသိပ္ပံနည်းပညာသတင်းပတ် လှုပ်ရှားမှုစတင်ကျင်းပ

(GMT+08:00) 2018-05-21 14:41:02

ယခုလ ၂၀ရက်နေ့က ၂၀၁၈ခုနှစ်တရုတ်နိုင်ငံ တစ်နိုင်ငံလုံး စားနပ်ရိက္ခာသိပ္ပံနည်းပညာသတင်းပတ် လှုပ်ရှားမှုကို ရှမ်းရှီးပြည်နယ် ထိုက်ယွမ်မြို့တွင် စတင်ကျင်းပခဲ့ကြောင်း၊ တရုတ်နိုင်ငံတော် စားနပ်ရိက္ခာနှင့် ကုန်ပစ္စည်းသိုလှောင်ရေး ဌာန ခေါင်းဆောင်၊ ဒုဝန်ကြီး ကျန်းဝုဖုန်းသည် ၎င်းဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ရာတွင် "ကျန်းမာသော တရုတ်နိုင်ငံ"မဟာဗျူဟာကို ကျင့်သုံးခြင်းနှင့်အညီ တရုတ်လူမျိုးများ၏စားနပ်ရိက္ခာစားသုံးမှုသည် ဝအောင်စားခြင်းမှ ကောင်းအောင်စားခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်စွာစားသောက်ခြင်း၊ စိတ်ချယုံကြည်စွာစားသောက်ခြင်းနှင့် လွယ်ကူစွာစားသောက်ခြင်းသို့ တိုးတက်လာနေကြောင်း ပြောကြားခဲ့သည်ဟု စီအာအိုင်သတင်းအရ သိရပါသည်။

   Webradio