• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ချန်အို အမှတ်-၄ TDRSS ဂြိုဟ်တု ကို အောင်မြင်စွာ လွှတ်တင်

(GMT+08:00) 2018-05-21 09:34:22

ယခုလ ၂၁ ရက်နေ့ နံနက် ၅ နာရီ ၂၈ မိနစ်တွင် တရုတ်နိုင်ငံသည် ရှီးချမ်း ဂြိုဟ်တု လွှတ်တင်ရေး စခန်း၌ လောင်းမတ်ခ်ျ အမှတ်-၄ (ဂ) သယ်ဆောင်ဒုံးပျံဖြင့် လကမ္ဘာ စူးစမ်း လေ့လာရေး လုပ်ငန်းဆိုင်ရာ ချွဲ့ချောင် TDRSS ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း၊ ယင်းသည် ကမ္ဘာပေါ်တွင် ပထမဦးဆုံးသော ကမ္ဘာလုံးနှင့် လကမ္ဘာ အကြား Lagrange L2 point  နေရာ၌ လည်ပတ်သော ဆက်သွယ်ရေး ဂြိုဟ်တု ဖြစ်ပြီး၊ ယခုနှစ် နှစ်ကုန်ပိုင်းတွင် ပြုလုပ်မည့် ချန်အို အမှတ်-၄ လကမ္ဘာစူးစမ်းရေးယာဉ်၏ လကမ္ဘာ ကျောဘက်တွင် ညင်သာစွာ ဆင်းသက်ရန်အတွက် ကြားနေ ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးမည် ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

   Webradio