• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အမေရိကန် စီးပွါးကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသည် ဂလိုဘယ်လိုက်ဇေးရှင်း လိုအပ်ချက်နှင့် ကိုက်ညီ

(GMT+08:00) 2018-05-21 09:31:24

တရုတ်-အမေရိကန် စီးပွါးကုန်သွယ်မှု တိုင်ပင်ဆွေးနွေးပွဲတွင် သဘောတူညမှု ရရှိပြီ ဖြစ်ပြီး နှစ်ဖက်တို့သည် ယခုလ ၁၉ ရက်နေ့တွင် ဝါရှင်တန်မြို့၌ ပူးတွဲ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါသည်။

ယခုလ ၂၀ ရက်နေ့က ပီကင်း၌ ကျင်းပသော "အပြန်အလှန် ထောက်ကူပြီး အပြန်အလှန် တွန်းအားပေးခြင်း -- ပြုပြင်ပြောင်းလဲရေး၊ တံခါးဖွင့်ရေးနှင့် ဂလိုဘယ်လိုက်ဇေးရှင်း၏ အနာဂတ်သစ်" ဆောင်ပုဒ် ဖြစ်သည့် စတုတ္ထ အကြိမ်မြောက် တရုတ်နှင့် ဂလိုဘယ်လိုက်ဇေးရှင်း ဖိုရမ်တွင်၊ အစည်းအဝေး တက်ရောက်သူများက ယင်း ပူးတွဲကြေညာချက်ကို ကြိုဆိုကြောင်း ဖေါ်ပြခဲ့ကြပါသည်။ ၄င်းတို့က၊ တရုတ်-အမေရိကန် စီးပွါးကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ဇောက်ချ ပြုလုပ်ခြင်းသည် နှစ်နိုင်ငံ ပြည်သူများ၏ လိုအပ်ချက်နှင့် ကိုက်ညီရုံသာမက ဂလိုဘယ်လိုက်ဇေးရှင်း၏ လိုအပ်ချက်နှင့်လည်း ကိုက်ညီကြောင်း ယူဆကြပါသည်။

   Webradio